Categories

January 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  
October 5, 2025

င်ဦးနယ် အနောက်ခြမ်းကို စစ်ကြောင်းထိုးကာ ပြည်သူများကို သတ်ဖြတ်နေသော စစ်ကြောင်းနှင့် ပြည်သူပိုင်စပါးများရိတ်သိမ်းနေသော ပျူစောထီးများကိုတိုက်ခိုက်ရာ စစ်အုပ်စု ၈ဦးသေဆုံး

ခင်ဦးနယ် အနောက်ခြမ်းကို စစ်ကြောင်းထိုးကာ ပြည်သူများကို သတ်ဖြတ်နေသော စစ်ကြောင်းနှင့် ပြည်သူပိုင်စပါးများရိတ်သိမ်းနေသော ပျူစောထီးများကိုတိုက်ခိုက်ရာ စစ်အုပ်စု ၈ဦးသေဆုံး

ဇန်နဝါရီ ၁၄၊ VOR

ခင်ဦးနယ် အနောက်ခြမ်းကို စစ်ကြောင်းထိုးနေသော စစ်ကြောင်းနှင့် ပြည်သူပိုင်စပါးများရိတ်သိမ်းနေသော ပျူအုပ်စုအား ဒေသကာကွယ်ရေးပူးပေါင်းတပ်များက ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ရာ ၈ဦးထက်မနည်းသေဆုံးကြောင်း KhinUSpecialforceOrganization_KSOက သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ ၁၂ရက်နေ့ နံနက် ၉နာရီဝန်းကျင်အချိန်တွင် ခင်ဦးနယ် အနောက်ခြမ်းကို စစ်ကြောင်းထိုးနေသော တပ်သားအင်အား(၈၀)ကျော်သည် မြင်းကျကျေးရွာအတွင်း အကြမ်းဖက်ဝင်ရောက်ပြီး အသက်(၆၀)ကျော် အဖိုးအို ၂ဦးအား သတ်ဖြတ်ခဲ့ပြီးနောက် ကျေးရွာထဲမှ ထွက်လာရာ ရှေ့ပြေးကင်း (၂၀)ခန့် အား Droneအဖွဲ့များမှ ဗုံးသီး(၄)လုံး ကြဲချ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ ၂ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများပြားခဲ့ရာ စစ်ကောင်စီဘက်မှ ရမ်းသမ်းပစ်ခတ်သဖြင့် နယ်မြေခံ တပ်ရင်း မဟာမိတ်ကာကွယ်ရေးတပ်ဖွဲ့များ နှင့် ထိတွေ့မှု မိနစ်(၃၀)ကျော် ရှိခဲ့ပြီး စစ်သား ၅ဦးထက်မနည်း သေဆုံးခဲ့ရာ ကျွန်းတောကြီးရွာ ပြည်သူပိုင်နေအိမ်များအတွင်း အလောင်းဖျောက် မီးရှို့ခဲ့သည်ကို တွေ့ရှိရကြောင်း သိရသည်။

အဆိုပါ စစ်ကြောင်းသည် ရှုံးမဲမဲကာ အပြစ်မဲ့သော မြင်းကျရွာမှ အဖိုးအို(၂)ဦး၊ကျွန်းတောကြီးရွာမှ နေအိမ်၁၀လုံးအား မီးရှို့ဖျက်ဆီး၍ ကိုယ်ဝန်ဆောင်သည် အမျိုးသမီး ၁ဦးနှင့် ကားဆိပ်(သက်သာပန်းတောင်း ကျေးရွာ )မှအမျိုးသမီး ၁ဦး စုစုပေါင်း ပြည်သူ(၄)ဦးကို အကြောင်းမဲ့ ရက်စက်စွာ သတ်ဖြတ်ခဲ့သည်။

ယမန်နေ့ ဇန်နဝါရီ ၁၃ရက် နေ့လယ်ပိုင်း ၁နာရီခန့်တွင် ပျဥ်ထောင်ပျူရွာမှ ပျူစောထီး(၂၀)ဝန်းကျင်သည် အနီးနားရှိ ပြည်သူပိုင်စပါးခင်းများအား မတရားရိတ်သိမ်းနေကြစဥ် ရိတ်သိမ်းပုံထားသော စပါးပုံများအား မီးလောင်ဗုံး(၅)လုံး တိတိကြဲချ၍ မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

ပျူအုပ်စုမှ မီးငြိမ်းရန် ကြိုးစားရာ Drone အကြီး ၅စီး၊ အသေး ၂စီး ဖြင့် အစာပါ ဗုံးသီး(၁၃)လုံး တိတိ ထပ်မံတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁ဦး သေဆုံး၍ ၅ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိသူများခဲ့ကြောင်း အတွင်းသတင်း အရ အတည်ပြုသိရသည်။

အဆိုပါ စစ်ဆင်ရေးကို KSO (KURDAF Droneအဖွဲ့) ၊ခင်ဦးမြို့နယ် ပကဖ ၊Wolf Guerrilla Force Local PDF, YE .U (KURDAF Drone အဖွဲ့)/ Arm Revolutionary Force ARF (KURDAF Drone) ၊ KUGF ၊ Fire Dragon PDF (Khin U) Drone အဖွဲ့တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

င်ဦးနယ် အနောက်ခြမ်းကို စစ်ကြောင်းထိုးကာ ပြည်သူများကို သတ်ဖြတ်နေသော စစ်ကြောင်းနှင့် ပြည်သူပိုင်စပါးများရိတ်သိမ်းနေသော ပျူစောထီးများကိုတိုက်ခိုက်ရာ စစ်အုပ်စု ၈ဦးသေဆုံး

You may have missed