Categories

January 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  
October 5, 2025

ခင်ဦးမြို့နယ်တွင် နယ်လှည့် မီးရှို့ နေသည့် စစ်တပ်နှင့် ပျူစောထီး စစ်ကြောင်းကို ဖြတ်တောက် တိုက်ခိုက်ရာ ၅ဦးသေဆုံး

ဇန်နဝါရီ ၁၁၊ VOR

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့ တွင် အခြေပြုပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး အကြမ်းဖက်နေသည့် PDF တို့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ၅ ဦး သေဆုံး၊ (၁၂) ဦး ထိခိုက်ဒဏ်ရာ ပြင်းထန် ရရှိ ခဲ့ကြောင်း NUG ကာကွယ်ရေးက သတင်းထုတ်ပြန်သည်။

ခမရ (၁၁/၇၀၈)နှင့် ပျုစောထီး စုစုပေါင်း အင်အား (၉၃) ဦးပါ စစ်ကြောင်းသည် ခင်ဦးမြို့နယ်၊ အင်တိုင်းကြီးကျေးရွာ အရှေ့ဘက်တွင် ထောင်ထားသော မိုင်းထိပြီး စစ်အုပ်စု တပ်ဖွဲ့ဝင် (၂) ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကြောင်းကို ခင်ဦးမြို့နယ်၊အင်တိုင်းကြီးကျေးရွာ အနောက်ဘက်တွင် နေ့လည် (၁:၀၇) နာရီမှ (၂:၂၀) နာရီခန့်ထိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ရွှေဘိုခရိုင် တပ်ရင်း (၃) က ဖြတ်တောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံး၊ (၁၀) ဦး ထိခိုက်ဒဏ်ရာ ပြင်းထန် ရရှိ ခဲ့ကြောင်း သိရသည်။

ခင်ဦးမြို့နယ်တွင် စစ်တပ်နှင့် ပျူစောထီး စစ်ကြောင်းကို ဖြတ်တောက် တိုက်ခိုက်

You may have missed