မတ် ၁၉၊ VOR ဒေါ်အောင်ဆန်းစုကြည်၏ သမိုင်းဝင် ခြံအမှတ်(၅၄)နေအိမ် လေလံကိစ္စတွင် အဓိကပါဝင်လုပ်ကိုင်ပေးနေသည့် ဗဟန်းမြို့နယ် စည်ပင်ရုံးနှင့် ထွေအုပ်ရုံးဟောင်းအား ရန်ကုန်ပကဖ (အထူးတပ်ဖွဲ့)က အဝေးထိန်းမိုင်းဖြင့် တပြိုင်တည်း ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းနှင့် ကုက္ကိုင်းရိပ်သာလမ်းထောင့်ရှိ...
