ဆီဆိုင်မြို့တွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများ ဒရုန်းများဖြင့် အကြိမ် ၁၀၀ ကျော်ပစ်ခတ်တိုက်ခိုက်
မတ် ၆၊ VOR ဆီဆိုင်မြို့မြောက်ဘက် နှင့် ဆိုက်ခေါင်စံပြကျေးရွာတွင် အခြေစိုက်သည့် စစ်ကောင်စီတပ်များသည် လက်နက်ကြီးများ အသေခံဒရုန်းများဖြင့် ဆီဆိုင်မြို့ကို ဆက်လက်ပစ်ခတ်ဖျက်ဆီးနေလျက်ရှိပြီး ယမန်နေ့တွင်ပင် ဆီဆိုင်မြို့အတွင်းသို့ လက်နက်ကြီးနှင့် အသေခံဒရုန်းများအသုံးပြုပြီး တနေကုန်ပစ်ခတ်တိုက်ခိုက်ခဲ့ရာအကြိမ်ပေါင်း ၁၀၀ နီးပါး ရှိခဲ့ကြောင်း...
