ဇွန် ၇၊ VOR တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA သိမ်းယူထားတဲ့ နမ့်ခမ်းမြို့မှာ မူးယစ်ဆေးဝါးနဲ့ ကူးသန်းရောင်းဝယ်ခွင့် မပြုထားတဲ့ စစ်ကောင်စီထုတ်ကုန်တွေကို တပ်မဟာနဲ့ တရားဥပဒေစိုးမိုးရေး ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ရှောင်တခင်စစ်ဆေးမှုပြုလုပ်ခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။ နမ့်ခမ်းမြို့က...
