မတ်လ ၁၆ ရက်နေ့ အရောက်မှာတော့လွန်ခဲ့တဲ့ မတ်လ ၁၂ ရက်နေ့မှာ ပြီးဆုံးသွားခဲ့တဲ့ စစ်ကိုင်းတိုင်း ကနီမြို့သိမ်းတိုက်ပွဲနဲ့ပက်သက်လို့ တရားဝင်သတင်းထုတ်ပြန်ချက်တွေဟာ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ သတင်းစာမျက်နှာမှတဆင့် ထွက်ရှိလို့လာပါတယ်။ ထုတ်ပြန်ချက်ထဲမှာတော့ စစ်ကိုင်းတိုင်း၊ ကနီမြို့ကို ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေ...
