ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီတပ် ခမရ(၄၃၄)အထိုင်စခန်းသိမ်းတိုက်ပွဲတွင် မဟာမိတ်တပ်များနှင့်အတူ ကွန်မန်ဒိုတပ်ရင်း ရိုးမ(၂)စစ်ကြောင်းလည်း ပါဝင်တိုက်ခိုက်ခဲ့ကြောင်း ကွန်မန်ဒိုတပ်ရင်းရုံးးက သတင်းထုတ်ပြန်သည်။ ခမရ(၄၃၄)စခန်းကို ဧပြီ(၂၅)ရက်နေ့ နံနက် ၄နာရီအချိန်တွင် စတင်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နံနက်၅နာရီ ၁၅မိနစ်အချိန်တွင် အကြမ်းဖက်စခန်းအား အပြီးသတ်...
