Categories

April 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
2930  
April 24, 2026

ဖာပွန် ခမရ ၄၃၄စခန်းသိမ်းတိုက်ပွဲတွင် ကွန်မန်ဒို တပ်ရင်းလည်း ပါဝင်တိုက်ခိုက်ခဲ့

ဖာပွန် ခမရ ၄၃၄စခန်းသိမ်းတိုက်ပွဲတွင် ကွန်မန်ဒို တပ်ရင်းလည်း ပါဝင်တိုက်ခိုက်ခဲ့

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီတပ် ခမရ(၄၃၄)အထိုင်စခန်းသိမ်းတိုက်ပွဲတွင် မဟာမိတ်တပ်များနှင့်အတူ ကွန်မန်ဒိုတပ်ရင်း ရိုးမ(၂)စစ်ကြောင်းလည်း ပါဝင်တိုက်ခိုက်ခဲ့ကြောင်း ကွန်မန်ဒိုတပ်ရင်းရုံးးက သတင်းထုတ်ပြန်သည်။

ခမရ(၄၃၄)စခန်းကို ဧပြီ(၂၅)ရက်နေ့ နံနက် ၄နာရီအချိန်တွင် စတင်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နံနက်၅နာရီ ၁၅မိနစ်အချိန်တွင် အကြမ်းဖက်စခန်းအား အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း ကွန်မန်ဒိုသားကောင်း (၁၄)ဦး မစိုးရိမ်ရ ဒဏ်ယာအသီးသီးရရှိခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီစခန်းမှ စစ်သား အလောင်းများစွာနှင့် လက်နက်မျိုးစုံ အများအပြားကို သိမ်းဆည်နိုင်ခဲ့ကြောင်း သိရသည်။

ထို့အတူ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ(၂)၏ တာဝန်ပေးချက်ဖြင့်၊ စစ်ရေးလုံခြုံမှုအခြေအနေအရ ဖာပွန်မြို့နှင့် ရဲစခန်း၊ အခြားတပ်စခန်း များကိုလည်း တစ်လခန့် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြပါသော်လည်း သတင်းထုတ်ပြန်ခြင်း မပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ဖာပွန်မြို့နှင့် ရဲစခန်း၊ တပ်စခန်းများ တိုက်ခိုက် သိမ်းပိုက်မှု လုပ်ငန်းစဉ်တွင်လည်း ကွန်မန်ဒို သားကောင်းတစ်ဦး မြင့်မြတ်စွာ တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ရကြောင်း သိရသည်။

လက်ရှိ နိုင်ငံရေး၊ စစ်ရေး အခြေနေများ ရှုပ်ထွေးနေမှုများ၊ အမြင်အမျိုးမျိုးများ ရှိနေကြပါသော်လည်း အထူးကွန်မန်ဒို တပ်ရင်းအနေဖြင့် အာဏာရှင်စနစ် ချူပ်ငြိမ်းသွားသည်အထိ မဟာမိတ်များနှင့် ပူးပေါင်းလက်တွဲကာ စစ်ရေးအရ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး တပ်ပေါင်းစုဖြင့် အောင်ပွဲခံနိုင်မည်ဟု အပြည့်အဝယုံကြည်ပါကြောင်း ပြည်သူများသို့ အသိပေးထားသည်။

You may have missed