နိုဝင်ဘာ ၃၀ ရက်တုန်းက စစ်ကောင်စီရေတပ်ကဖမ်းလိုက်တဲ့ ထိုင်းငါးဖမ်းသမားလေးဦးအား ထောင်ဒဏ် ၆ နှစ် ချမှတ်လိုက်ကြောင်း မြန်မာရေတပ်မှ သတင်းရင်းမြစ်တစ်ခုကို ကိုးကားပြီး ထိုင်းသတင်းများမှာ ဒီကနေ့ဖော်ပြခဲ့ကြသည်။ မြန်မာရေပိုင်နက်ထဲခိုးဝင်ပြီး မောင်းပြေးသည့်အတွက် ပစ်ခတ်ခဲ့သည်ဟု စစ်ကောင်စီဘက်က အဆိုပါသတင်းကို တုံ့ပြန်ထားသည်။...
News
အမေရိကန်အစိုးရသစ်ဖြစ်လာမယ့် ဒေါ်နယ်ထရန့်အစိုးရနဲ့ မြန်မာ့အရေး တွေ့ဆုံဆွေးနွေးနိုင်ဖို့ ကြိုးစားနေပြီး လွှတ်တော် ၂ရပ်စလုံးက အမတ် ၅ဦးနဲ့ ကျေအလည် တွေ့ဆုံဆွေးနွေးပြီးဖြစ်တယ်လို့ NUG အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာက ပြောပါတယ်။အမေရိကန်ပြည်ထောင်စု ပင်ဆယ်ဘေးနီးယားပြည်နယ် ဖီလာဒဲလ်ဖီးယားမြို့တော်လှန်ရေးရံပုံငွေဈေးရောင်းပွဲတော်နဲ့ မြန်မာမိသားစုများတွေ့ဆုံပွဲကို ဒေသစံတော်ချိန် ဒီဇင်ဘာ...
ထိုင်းမြန်မာနယ်စပ်မြို့ဖြစ်တဲ့ ဘုရားသုံးဆူမြို့မှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကစပြီး စစ်ကောင်စီရဲ့ အုပ်ချုပ်မှုယန္တရား ရပ်တန့်နေခဲ့တာပါ။ စစ်ကောင်စီကိုတော်လှန်ရေးမှာမပါဝင်ဘဲ တပ်ဖွဲ့အကျိုးစီးပွားကိုသာ အားစိုက်လုပ်ဆောင်နေတဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ ( KNU / KNLA - PC)၊ နယ်ခြားစောင့်တပ် (BGF)...
ကချင်နှင့်တရုတ်ဆွေးနွေးပွဲရလာဒ်လို့ယူဆရတဲ့ ပြောင်းလဲမှုတွေကို မြင်ရအပြီးမှာ မကြာမီရက်ပိုင်းအတွင်းမှာလည်း ကိုးကန့်တပ်မတော် MNDAA နဲ့ တရုတ်ကိုယ်စားလှယ်တို့ တွေ့ဆုံကြတော့မယ်လို့ သိရပါတယ်။ တွေ့ဆုံမှုဟာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမှာ ဖြစ်နိုင်ဖွယ်ရှိနေပါတယ်။လားရှိုးက အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကြီးကို သိမ်းယူပြီး စစ်ကောင်စီရဲ့လေကြောင်းဗုံးဒဏ်ကို MNDAA...
ကေအိုင်အေဟာ နယ်မြေအများအပြားကို သိမ်းယူနိုင်ခဲ့ပြီး လက်ရှိမှာလည်း အရေးပါတဲ့ဗန်းမော်ကို ထပ်သိမ်းဖို့ကြိုးစားနေစဉ်မှာပဲ တရုတ်ဘက်က ဂိတ်တွေဖွင့်လိုက်တဲ့သတင်းတွေကတော့ ဒီနေ့အတွက် ထူးခြားလို့နေပါတယ်။ အိမ်နီးချင်းတရုတ်ရဲ့ဖိအားပေးမှုကို တဖက်ကခံယူရင်း တဖက်က စစ်ကိုနိုင်အောင်တိုက်တဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်ဟာ ခုတော့ စစ်နိုင်လို့အရေးပေးခံရတော့မယ့်အခြေအနေကို ဆိုက်လာပါပြီ။တရုတ်ကဖိတ်လို့ ဒီဇင်ဘာ ၈...
မတ္တရာမြို့အနာက်ဘက်ခြမ်းက ရွာအချို့ကို တော်လှန်ရေးတပ်တွေပြန်သိမ်းပိုက်နေချိန်မှာပဲ စစ်ကောင်စီက စစ်ကြောင်းထိုးကာ လက်နက်ကြီးပစ်ခတ်တာနဲ့ ရွာလုံးကျွတ် နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက် ညနေပိုင်းက မတ္တရာမြို့နယ် စကျင်ရွာအတွင်းကို တုန်ကုန်းရွာ အနောက်ဘက် ယမ်းကုန်းအုတ်စက်က စစ်တပ် ပစ်ခတ်လိုက်တဲ့...
စစ်ကိုင်းတိုင်း ကသာခရိုင် အင်းတော်မြို့နယ်ရှိ ဂျပန်လှိုဏ်ဂူကုန်း စခန်း ကို KIA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခံနေတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။အဲ့ဒိစခန်းဟာ အင်းတော်မြို့မှာ သိမ်းပိုက်ဖို့ နောက်ဆုံးကျန်နေတဲ့ စခန်း ၂ခုအနက် ၁ခုဖြစ်ပြီး ဒီဇင် ဘာလ...
ဧရာဝတီမြေကိုထိုးဖောက်ပြီး အောင်ပွဲများရယူဖို့ တိုင်းစစ်ဌာန(ဧရာဝတီ)ကို စစ်ကြောင်း၊ တပ်ရင်း၊ ဗျူဟာများ အဆင့်ဆင့် ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း မနေ့က ဒီဇင်ဘာ ၁၂ရက်မှာ ကြေညာပါတယ်။တိုင်းစစ်ဌာန ဧရာဝတီဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဒေသခွဲရဲ့ ကွပ်ကဲအုပ်ချုပ်မှုကိုခံယူပြီး ဖွဲ့စည်းခြင်းဖြစ်တယ်လို့...
မကွေးတိုင်း ရေနံချောင်းမြို့နယ်မှာ ဒီဇင်ဘာ ၁၁ ရက်နေ့က လက်မှတ်ကုန်းနယ်မြေ ရဲစခန်းက ရဲနှစ်ဦးသည် အရပ်ဝတ်ကိုယ်စီဖြင့် သတင်းထောက်လှမ်းဖို့ထွက်လာစဉ် တော်လှန်ရေးတပ်များက ဝိုင်းဝန်းဖမ်းဆီးဖို့ ကြိုးစားခဲ့ပါတယ်။ ရဲဒုတပ်ကြပ်အောင်ဒင်နှင့် ဒုတပ်ကြပ်မြတ်စိုးနိုင်ဆိုသူ နှစ်ဦးအား မကျည်းတိုင်း-ဖိုးကိုးလမ်းပိုင်းတွင် ဖမ်းဆီးဖို့လုပ်ရာမှာ လက်ပစ်ဗုံးဖြင့်ပြန်လည်ခုခံတာကြောင့် ပစ်ခတ်ခဲ့ရာသေဆုံးသွားကြောင်း...
ကရင်ပြည်နယ်၊ ဒွယ်လိုးမြို့နယ်ရှိ စစ်ကောင်စီတောင်သုံးလုံးစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိကြောင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က သတင်းထုတ်ပြန်ပါတယ်။KNU တပ်မဟာ(၅)နယ်မြေ၊ ဒွယ်လိုးမြို့နယ်ရှိ စစ်ကောင်စီတောင်သုံးလုံးစခန်းကို ဒီဇင်ဘာလ(၁၁)ရက်နေ့ မနက်(၅)နာရီအချိန်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။အဆိုပါစခန်းသိမ်းတိုက်ပွဲအတွင်း ၁၂၀(မမ)၊ ၈၁(မမ)၊ ၆၀(မမ)လက်နက်ကြီးများအပါအဝင် လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိခဲ့တယ်လို့...
