မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ခမရ-၂၉၉ တပ်ရင်းမှ ပြည်သူ့စစ် သင်တန်းဆင်း တပ်သား ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း Ramonya Guerrilla Force အဖွဲ့ထံက သိရပါတယ်။အလင်းဝင်လာတဲ့ ခမရ-၂၉၉ တပ်ရင်းမှ ပြည်သူ့စစ်...
News
အင်အားပြုန်းတီးမှုကိုဖာထေးနိုင်ဖို့ စစ်ကောင်စီက အသည်းအသန်ကြိုးစားခဲ့ပေမယ့် လက်အောက်ခံအုပ်ကြီးများက ငွေကောက်ခံပြီး လူငယ်အချို့ သက်သာရာရခဲ့ကြပါတယ်။ တိုက်ပွဲတိုင်းမှာ စစ်ရှုံးမှုတွေ စိပ်လာချိန်မှာတော့ ခုဆို ငွေမယူတော့ဘဲ သတ်မှတ်ချက်အတိုင်း လူငယ်တွေကို မဖြစ်မနေ စစ်မှုထမ်းဖို့ ဖိအားပေးလာနေကြပါတယ်။အစပိုင်းမှာတော့ စစ်အုပ်စုရဲ့ဒေါက်တိုင်အဖြစ် အသက်မွေးတဲ့အုပ်ကြီးတွေဟာ အဓမ္မစစ်မှုထမ်းဥပဒေကိုရှောင်ရှားလိုသူတွေဆီက...
အမြင့်မားဆုံးအောင်ပွဲတွေရရှိနေတဲ့ ရခိုင့်တပ်တော်ဟာ မောင်တောမြို့ကို စက်တင်ဘာ ၈ ရက်နေ့ကတည်းက သိမ်းပိုက်ထားနိုင်ပေမယ့် မြို့စောင့်တပ်ဖြစ်တဲ့ နခခ ၅ ကိုတော့ ဒီဇင်ဘာ ၈ ရက်နေ့ကျမှသာ သိမ်းပိုက်နိုင်ခဲ့ကြတာဖြစ်ပါတယ်။ နခခ ၅ မှာအင်အား ၇၀၀ ကျော်ရှိပြီး...
မနေ့က ဒီဇင်ဘာ ၁၀ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မော်နင်က “မြန်မာမှာရှိနေတဲ့ တရုတ်ရဲ့ စီမံကိန်းများ၊ စီးပွားရေးလုပ်ငန်းများကို မထိခိုက်အောင်ကာကွယ်ဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို ပြောထားတယ်လို့ ထုတ်ဖော်လိုက်ပါတယ်။ အာဏာသိမ်းစစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုတို့ကြားမှာတော့ ပြတ်သားတဲ့ ရည်မှန်းချက်ထားရှိပြီးသားဖြစ်ပါတယ်။ အလိုမကျတိုင်းအာဏာသိမ်းတဲ့စစ်တပ်ကို...
ကချင်ပြည်နယ် ဗန်းမော်မြို့သိမ်းတိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီ လေကြောင်း ဗုံးကြဲမှုကြောင့် ဗန်မော်မြို့နေရာအများအပြားမီးလောင်ကျွမ်းခဲ့ကာ ဗန်းမော်ရဲစခန်းနဲ့ ဗန်းမော်ဈေးကြီး မီးလောင်ပျက်စီးသွားကြောင်း ဒေသခံတွေထံက သိရပါတယ်။မနေ့က ဒီဇင်ဘာ ၁၀ရက်နေ့ ညပိုင်းက စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် နေရာအနှံ့မီးလောင်ကာ ဗန်းမော်ရဲစခန်းနဲ့ ဗန်းမော်ဈေးကြီးမီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတစ်ဦးက...
စစ်တပ်ရဲ့အရာရှိကြီးတွေကို သေဆုံး၊ လက်ရဖမ်းမိပါက လိမ်ညာသတင်းထုတ်ပြန်လေ့ရှိတဲ့စစ်ကောင်စီအတွက် စကခမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်းကို ကိုယ်ရေးအရာရှိဗိုလ်ကြီးနဲ့တကွ နောက်လိုက်များနဲ့အတူ အရှင်လက်ရဖမ်းမိကြောင်း ရုပ်သံဖိုင်ကို အာရက္ခတပ်တော် AA က သတင်းထုတ်ပြန်လာပါတယ်။နခခ ၅ထဲက လက်နက်ချလာတဲ့ အကြမ်းဖက်စစ်သားတွေဟာ ဖော့ချပ်တွေကို အလံဖြူအဖြစ်ကိုင်ဆောင်ကာ လက်နက်ချလာတာကိုလည်း...
အမ်းမြို့မှာရှိတဲ့ အနောက်ပိုင်းတိုင်း စစ်ဌာချုပ်အတွင်းကို အေအေတပ်များက ဒီနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့မှာပဲ ထိုးဖောက်ဝင်ရောက်နေကြပြီလို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံမှသိရပါတယ်။ မောင်တောမှာရှိတဲ့ အမှတ် ၅ နယ်ခြားစောင့်စခန်းကို ရခိုင့်တပ်တော်က အောင်မြင်မှုအပြီးမှာပဲ တဖက်မှာရှိတဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်တွေဘက်ကလည်း နတ်မြစ်ထဲမှာ...
စစ်ကောင်စီတပ်များကို တအန်းအမျိုးသားလွတ်မြောက်ရေးတပ် TNLA နှင့် ဓနု PDF တပ်ဖွဲ့တွေပူးပေါင်းတိုက်ခိုက်နေကြပါတယ်။ မနေ့က ဒီဇင်ဘာ ၉ ရက်နေ့ တောင်ခမ်းရွာအနီးတိုက်ပွဲမှာတော့ ရန်သူ စစ်သုံ့ပန်း ၂၀ ခန့်ကိုဖမ်းမိထားတယ်လို့ TNLA မှပြောခွင့်ရ လွေးယေဦး က...
အာဏာသိမ်းမှုကြောင့် စစ်ဘေးဒဏ်ခံနေရတဲ့ မြန်မာပြည်သူတွေဟာ လူ့အခွင့်အရေးနေ့လှုပ်ရှားမှုကို ကမ္ဘာတဝန်းကျင်းပနေစဉ်မှာလည်း စစ်ကောင်စီလေတပ်ရဲ့ ထင်ရာစိုင်းဗုံးကြဲမှုတွေကို ခံနေကြရပါတယ်မနေ့က ဒီဇင်ဘာလ ၉ ရက်နေ့၊ မနက် ၂ နာရီခန့်မှာ ဗုံးကြဲချသွားလို့ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးရွာနေ အရပ်သားမိသားစုဝင် ၄...
အမျိုးသားညီညွတ်ရေးအစိုးရမှ ပုံမှန်ထုတ်ပြန်လျက်ရှိတဲ့ ပြည်သူနှင့်နိုင်ငံတကာသို့သတင်းစကားထုတ်ပြန်ချက်အစီအစဉ်မှာ သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးနေဘုန်းလတ်က ဒီဇင်ဘာ ၁၀ ရက်နေ့ရက်စွဲနဲ့ အခုလို သတင်းထုတ်ပြန်ခဲ့ပါတယ်။ ယခုနှစ်ဦးပိုင်းကနေ နိုဝင်ဘာလထိ အလင်းဝင်လာသူဦးရေဟာ ၄၇၅ ဦးထိရှိပြီး စစ်ကောင်စီစစ်တပ်ဘက်မှ ဒုဗိုလ်မှူးကြီးအဆင့်နှင့် ရဲဘက်မှ ဒုရဲမှူးအဆင့်တို့ပါဝင်ကြောင်း သိရပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရဟာ တော်လှန်ရေးကိုအောင်မြင်ဖို့ကြိုးစားရာမှာ...
