ကရင်ပြည်နယ် ဖာပွန်မြို့နယ်တွင်းက နှစ်ပေါင်း ၇၀ခန့်ရှိပြီဖြစ်တဲ့ ကူးဆိပ်တံတားစခန်းဟာ KNLA နှင့် ပူးပေါင်းတပ်များရဲ့ တိုက်ခိုက်သိမ်းပိုက်မှုအောက် ကျရောက်သွားပါပြီ။ ဒီသတင်းကို (KNU)တပ်မဟာ(၅)၊ မူတြော် သတင်းစဉ်နဲ့ ပူးပေါင်းတပ်အဖြစ်ပါဝင်တဲ့ BPLA ကလည်း နိုဝင်ဘာလ ၁၂ ရက်နေ့မှာ...
Battles
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA တပ်မဟာ ၅ နယ်မြေရှိ ကူးဆိပ်တံတားလုံခြုံရေးစခန်းကို နိုဝင်ဘာလ(၉)ရက်နေ့မှာ KNLA နဲ့ မဟာမိတ်စစ်သည်တွေက အလုံးစုံတိုက်ခိုက်သိမ်းပိုက်ရှင်းလင်းနိုင်ပြီလို့ KNU မူတြာ်သတင်းစဉ်က ထုတ်ပြန်ပါတယ်။စခန်းသိမ်းတိုက်ပွဲအတွင်း စစ်သား အလောင်း ၈လောင်း...
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ စစ်ကောင်စီ တပ်သားများ လိုက်ပါလာတဲ့ ကား ၁ စီးနဲ့ စစ်ကူ စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ ရဲအရာရှိ ၁ ဦး အပါအဝင် ၉ ဦး သေဆုံးခဲ့ကြောင်း...
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ နောက်တန်းပြန် စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်လို့ အထိအခိုက်အကျအဆုံးများခဲ့ပြီး ၃၀ကျော်သေဆုံးကာ ၅၀ကျော်ဒဏ်ရာရရှိသွားတယ်လို့ ရိုးမ(၂)စစ်ကြောင်း၊ ကွန်မန်ဒိုတပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။ကျောက်ကြီးမြို့ကနေ နတ်သံကွင်းမြို့ ဘက်ကို နောက်တန်းပြန်လာတဲ့ စစ်ကောင်စီ ကမ်းရိုးတန်းတပ်၊ တြိဂံတိုင်းတပ်၊ ကျောက်ကြီးအခြေစိုက်တပ် ပူးပေါင်းတပ်များပါဝင်တဲ့...
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ အကြမ်းဖက်စစ်ကြောင်းကို မိုင်းဆွဲလို့ ရန်သူ ၆ ဦးသေဆုံးကြောင်း ချောင်းဦးမြို့နယ် ပကဖ -CHU PDF တပ်ဖွဲ့မှ တာဝန်ရှိသူတဦးက သတင်းထုတ်ပြန်ပါတယ်။တောပုပျူစောထီးစခန်းမှ ထွက်လာသော အင်အား ၄၀ ပါရန်သူစစ်ကြောင်းကို နိုဝင်ဘာလ ၁၁...
မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်ရှိ ရှမ်းတဲလေတပ်ကို ရှော့တိုက်ဒုံး တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်တွေထံက သိရပါတယ်။ဒီနေ့ နိုဝင်ဘာ ၁၁ရက် မနက်အစောပိုင်း ၄နာရီ ၄၅မိနစ်ခန့်က ရှမ်းတဲလေတပ်စခန်းနဲ့ အပြင်ဘက်က တပ်မ၉၉၊ ကပစ တပ်တွေကို ရှော့တိုက်ဒုံး ၁၃...
စစ်ကိုင်းတိုင်း မုံရွာမြို့နယ် တောပုပျူစောထီးကျေး ရွာကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး အဖွဲ့၀င်တွေကိုမိုင်းဆွဲတိုက်ခိုက်လို့ စစ်အုပ်စုဘက်က ၆ဦးသေဆုံးခဲ့ကြောင်း သိရပါတယ်။ဒီနေ့ နို၀င်ဘာလ(၁၁)ရက် မနက်ပိုင်းမှာ တောပုပျူစောထီးကျေး ရွာကနေ ညောင်ဖြူပင်ရဲစခန်းကို ထွက်ခွာလာတဲ့ စစ်တပ်နဲ့ ပျူပူးပေါင်းအဖွဲ့ကို CHU-PDF...
ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၊ လန်ဆယ်ရွာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေက မနေ့က နိုဝင်ဘာ ၁၀ရက်မနက်ပိုင်းမှာ သိမ်းပိုက်လိုက်ပြီလို့ သိရပါတယ်။အဆိုပါလန်ဆယ်ရွာဟာ ချီဖွေမြို့နယ် လောခေါင် ရဲ့ အရှေ့မြောက်ဘက် ပြည်သူ့စစ် တပ်များထိန်းချုပ်ထားတဲ့ နယ်မြေဖြစ်တစ်ခုဖြစ်ပြီး KIA က...
ချင်းပြည်နယ်၊ ထန်တလန်မြို့နဲ့ မင်းတပ်မြို့တွေမှာ ချင်းညီနောင် တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေအရ သိရပါတယ်။ထန်တလန်မြို့မှာ နိုဝင်ဘာ ပထမပတ်အတွင်း ထန်တလန်မြို့ NLD ရုံးမှာ တပ်စွဲထားတဲ့ စစ်တပ်ကို စနိုက်ပါနဲ့ အနီးကပ်တိုက်ခိုက်လို့ စစ်ကောင်စီ ဒုဗိုလ်မှူးကြီးနဲ့...
ပဲခူးတိုင်း၊ သံတောင်ကြီးမြို့နယ်မှာ လမ်းကင်းယူဖို့ထွက်လာတဲ့ စစ်ကောင်စီတပ်ကို KNU တပ်မဟာ ၂ ကွန်မန်ဒိုစစ်ကြောင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်သား ၄ဦးသေဆုံးကြောင်း Thawthikhoအဖွဲ့ထံက သိရပါတယ်။နိုဝင်ဘာ ၃ရက် ညနေ ၂နာရီခန့်မှာ သံတောင်ကြီး ၁၃ မိုင်မှ ပျားစခန်းကျေးရွာကို...
