Categories

January 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  
May 23, 2026

ပြင်ဦးလွင် DSA မှ လက်နက်အပြည့်အစုံဖြင့် စစ်ကြောင်းချီကာ ကျေးရွာများဘက်သို့ အင်အားဖြည့်တင်း

ပြင်ဦးလွင် DSA မှ လက်နက်အပြည့်အစုံဖြင့် စစ်ကြောင်းချီကာ ကျေးရွာများဘက်သို့ အင်အားဖြည့်တင်း၊ ရှမ်းမြောက်အပစ်ရပ်ထားပြီး ပြင်ဦးလွင်ကို ဝင်တိုက်မှာကြောက်နေ

ဇန်နဝါရီ ၁၃၊ VOR

စစ်ကောင်စီက ကျောက်မဲမြို့ကို ယနေ့နံနက် ၉နာရီအချိန်တွင် စတင်တိုက်ခိုက်သည်နှင့်တပြိုင်နက် ပြင်ဦးမြို့ စစ်တက္ကသိုလ် DSA မှ အင်အား ၃၀၀ခန့် လက်နက်အပြည့်အစုံဖြင့် စစ်ကြောင်းချီကာ ကျေးရွာများဘက်သို့ အင်အားဖြည့်တင်းနေကြောင်း သိရသည်။

ယနေ့ နံနက် ၉နာရီအချိန်တွင် DSAမှ စစ်ကောင်စီတပ်အင်အား ၃၀၀ခန့် မိုးကြိုးရွာဘက်သို့ လက်နက်အပြည့်စုံဖြင့် လမ်းလျှောက်ချီတက်သွားကြကြောင်း လက်နက်ကြီးလက်နက်ငယ်အပြည့်နှင့် လောင်ချာအသေးစားများပါဝင်ကြောင်း မေမြို့အထွေထွေသပိတ်အင်အားစု တာဝန်ရှိသူမှ VOR ကိုပြောသည်။

“ရှမ်းမြောက်ဘက်မှာ အပစ်ရပ်တယ် အပစ်ရပ်ထားတော့ စကစဘက်က အသာစီးရအောင်ပြင်ဆင်နေတာမျိုးရှိတယ် စစ်ကောင်စီကို ယုံကြည်လို့မရဘူး အချိန်မရွေး တိုက်ပွဲပြန်ဖြစ်သွားနိုင်တယ်”ဟု ဆိုသည်။

“မဟာအံ့ထူးကံသာ ဘုရားပေါ်ကနေ ဒီနေ့ မနက်စောစောက စခ နှစ်ရာကျော်လောက် အရပ်ဝတ်နဲ့ လက်နက် ပါ ပတ်ဝန်းကျင်ရွာတွေထဲကို တပ်ဖျောက်ဝင်သွားကြတယ်”ဟု ဒေသခံများက ပြောသည်။

လွန်ခဲ့သော ၃ရက်ခန့်က ပြင်ဦးလွင်မြို့နှင့် မိုင်အနည်းငယ်သာ ကွာသည့် ရှမ်းပြည်နယ် နောင်ချိုမြို့နယ်၊ ကျောက်မဲလေးကျေးရွာရှိ စစ်တပ်စခန်းတွင် စစ်ကောင်စီနှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့သည်။

ပြင်ဦးလွင် အနီးတဝိုက်သည် TNLA, MDY-PDF ပူးပေါင်းတပ်များ စစ်ရေးလှုပ်ရှားရာနယ်မြေဖြစ်ပြီး အဆိုပါ ကျောက်မဲလေးစခန်းသည် ပူးပေါင်းတပ်တို့တိုက်ခိုက်သိမ်းယူခဲ့သော သံဘိုကျေးရွာတပ်စခန်းနှင့် ၂ မိုင်ခန့်သာ ကွာဝေးသည်။

“စစ်ရေးအသာရရှိဖို့ပဲပြင်ဆင်နေတာ ပြည်သူလူထုအတွက်တစ်ခုမှာမပါဘူး ပြည်သူတွေကိုသတ်ကွင်းရောက်အောင်လုပ်ဆောင်နိုင်တယ်”ဟု မေမြို့အထွေထွေသပိတ်အင်အားစု တာဝန်ရှိသူမှ VOR ကိုပြောသည်။

အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်သဖြင့် မေမြို့နေပြည်သူများ သတိဖြင့် နေထိုင်ကြရန် မေမြို့အထွေထွေသပိတ်အင်အားစုများက နှိုးဆော်ထားသည်။

ပြင်ဦးလွင် DSA မှ လက်နက်အပြည့်အစုံဖြင့် စစ်ကြောင်းချီကာ ကျေးရွာများဘက်သို့ အင်အားဖြည့်တင်း

You may have missed