မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပြင်စည်ရွာမှ ထွက်လာသော တပ်မ ၉၉စစ်ကြောင်းတိုက်ခိုက်ခံရပြီး ဦးစီး ဗိုလ်မှူး ရန်လင်းအောင်နှင့် ဗိုလ်ကြီး အောင်ဇော်မင်း အပါ ၂၀ကျော်သေဆုံးခဲ့ကြောင်း အမှတ် ၁စစ်ဒေသက ထုတ်ပြန်သည်။ဇန်နဝါရီလ (၃၀) ရက် နံနက်ပိုင်းတွင် ဗိုလ်မှူး ရန်လင်းအောင်နှင့် ဗိုလ်ကြီး အောင်ဇော်မင်း ဦးစီးသော တပ်မ-၉၉ လက်အောက်ခံ ခမရ (၁၄၊ ၁၅) နှင့် ရဲတပ်ရင်း ပူးပေါင်းအင်အား (၅၀) ခန့်ကို မြတောင်ရွာနှင့် စိန်ပန်းကန်ရွာကြား၌ မြင်းခြံခရိုင် တပ်ရင်း (၄၊ ၁၀) ပူးပေါင်းအဖွဲ့တို့မှ ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။တိုက်ပွဲအတွင်း စစ်ကောင်စီ အဖွဲ့ဝင် ဗိုလ်ကြီး အောင်ဇော်မင်းအပါ အလောင်း (၂၁) လောင်းရရှိပြီး ဗိုလ်မှူး ရန်လင်းအောင် ထိခိုက်ဒဏ်ရာဖြင့် ဆုတ်ခွာရင်း သေဆုံးကြောင်းသိရ၍ (၈) ဦး ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
အဆိုပါစစ်ကြောင်းထံက MA-1 (၃) လက်၊ MA-2 (၄) လက်၊ MA-3 (၆) လက်၊ MA-4 (၂) လက်၊ MA-5 (၁) လက်၊ MA-11 (၆) လက်၊ G-3 (၁၂) လက်၊ G-4 (၂) လက်၊ BA-94 (၁) လက်၊ ၆၀ မမ ပြောင်းတို (၁) လက်၊ ပြောင်းရှည် (၁) လက်နှင့် ၆၀ မမ ဗုံးသီး (၂၉) လုံး၊ အီနာဂါ (၅) လုံး၊နာနတ်သီးဗုံး (၉) လုံး၊ ၉ မမ ကျည် (၃၀၅) တောင့်၊ ဦးထုပ် (၁၀) လုံး တို့ကို သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။၎င်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်က တံတားဦးမှ ထွက်လာသော Mi-35 (၁) စီးဖြင့် (၃) ကြိမ် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ