Categories

August 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
262728293031  
April 24, 2026

ရှမ်းမြာက် သီပေါမြို့ထဲ တော်လှန်ရေးတပ်တွေ ထိုးဖောက်ဝင်ရောက်

ရှမ်းမြာက် သီပေါမြို့ထဲ တော်လှန်ရေးတပ်တွေ ထိုးဖောက်ဝင်ရောက်

ဩဂုတ် ၁၀၊ VOR

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့မှာ ဒီနေ့မနက်ပိုင်း တိုက်ပွဲဖြစ်ပွားနေပြီလို့ ဒေသတွင်းသတင်းအရင်းမြစ်တွေထံက သိရပါတယ်။

သီပေါမြို့က စစ်ကောင်စီတပ်တွေဖြစ်တဲ့ ခမရ(၅၀၂/၅၀၃)ဘက်မှာ ပစ်ခတ်သံတွေကြားနေရပြီး မြို့တစ်ဝက်လောက်ထိ တော်လှန်ရေးတပ်တွေက စီးနင်းဝင်ရောက်ထားကာ သီပေါထောင်လဲပွင့်သွားပြီဆိုတဲ့သတင်းတွေ ထွက်ရှိနေပါတယ်။

ရှမ်းမြောက်မှာတော်လှန်ရေးတပ်တွေသိမ်းပိုက်ဖို့ မူဆယ်မြို့နဲ့ သီပေါမြို့ ၂မြို့သာကျန်ရှိနေတာဖြစ်ပြီး သီပေါမြို့ဟာ ကျောက်မဲမြို့နဲ့ လားရှိုးမြို့ကြားမှာတည်ရှိပါတယ်။

လူဦးရေ တသိန်းကျော်သာရှိတဲ့ သီပေါမြို့မထိခိုက်ရေးအတွက် ဒေသခံတွေမျှော်လင့်နေကြပြီး မူဆယ်မြို့မနာ​စေ​ရေး နဲ့ ပြည်သူများမထိခိုက်​စေ​ရေးအတွက်ကိုတော့ စစ်တိုင်းမှူးကိုအလင်းဝင်ဖို့ ညီ​နောင်မဟာမိတ်သုံးဖွဲ့က သတိပေးကမ်းလှမ်းထားပါတယ်။

ရှမ်းမြာက် သီပေါမြို့ထဲ တော်လှန်ရေးတပ်တွေ ထိုးဖောက်ဝင်ရောက်

You may have missed