ဩဂုတ် ၁၀၊ VOR
လက်ရှိစစ်ရေးအခြေအနေတွေအရ စစ်ကောင်စီတပ်ဟာ လည်မျိုကိုကိုင်ထံထားရတဲ့ထိ အဘက်ဘက်ကစစ်ရှုံးနေပေမယ့် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ရူးနေတဲ့အတွက်ကြောင့် ဆက်ပြီးခေါင်းမာနေတာဖြစ်တယ်လို့ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။
“စစ်ကောင်စီရဲ့လည်မျိုကိုကိုင်ထားနိုင်ပြီဖြစ်ပါတယ်။ ဆက်ပြီးညှစ်သတ်လိုက်ဖို့သာကျန်ပါတော့တယ်။သတ္တိရှိတဲ့ရိုးသားဖြူစင်တဲ့ယောကျ်ားဆိုရင်တော့ငါမှားပါပြီ၊ ငါ့သတ်ရင်လဲသတ်လိုက်ပါတော့။ ပြည်သူလူထုကိုပြန်ပြီအာဏာအပ်တယ်လို့ ပြောသင့်တဲ့အချိန်ရောက်နေပေမယ့် မင်းအောင်လှိုင်ဟာရူးနေတဲ့အတွက် နောက်ဆုံးသေခါနီးအထိ ထွက်သက်ထိသူကခေါင်းမာနေမှာဖြစ်တယ်”လို့ ပြောကြားခဲ့ပါတယ်။
ဒီနေ့ပြုလုပ်တဲ့ “ပြည်သူများသို့ အောင်စကား” အစီအစဉ်မှာ ယာယီသမ္မတကြီးက ပြောကြားခဲ့တာဖြစ်ပါတယ်။
တော်လှန်ရေးတပ်တွေက မြို့ပေါင်း ၇၅မြို့ကို သိမ်းနိုင်ပြီဖြစ်ပြီး ဩဂုတ်လ ၃ရက်နေ့မှာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ နိုင်ငံတကာဆက်ဆံရေးမှာလဲ ဘယ်သူမှအဖက်မလုပ်ချင်တော့ကြောင်း၊ စီးပွားရေးအလုံးစုံပျက်သုန်းနေပြီဖြစ်ကြောင်း၊ တပ်ချင်းချင်းကြားလဲ ပုန်ကန်ဖို့ကြိုးစားနေကြပြီဖြစ်ကြောင်း ယာယီသမ္မတကြီးကပြောပါတယ်။
“စစ်ကောင်စီဟာ စစ်ရေးသာမက နိုင်ငံတကာဆက်ဆံရေးမှာလဲ ဘယ်သူမှ မဆက်ဆံချင်ကြပါဘူး၊ စီးပွားရေးမှာလဲ တခါမှမကြုံဖူးတဲ့ စီးပွားရေးပျက်ကပ်ကိုကြုံနေရပါပြီ၊ နလန်လဲမထူနိုင်တော့ပါဘူး၊ သူတို့စိတ်ဓာတ်ရေးရာလုံးဝမရှိတော့ပါဘူး စစ်တိုက်နိုင်တဲ့စွမ်းအားလဲမရှိတော့ပါဘူး။”လို့ ပြောကြားခဲ့ပါတယ်။
ကမ္ဘာမှာအဆင့် ၃၄၊ ၃၅ရှိတဲ့မြန်မာစစ်တပ်ကို ဘယ်လိုမှမအောင်နိုင်တော့ဘူးလို့ ပညာရှင်တွေကခန့်မှန်းခဲ့ပေမယ့် တော်လှန်ရေးအောင်ပွဲဟာ ကမ္ဘာကအောချရလောက်အောင်အောင်မြင်နေပြီလို့ ယာယီသမ္မတကြီးက ပြောကြားခဲ့ပါတယ်။


More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်