“လစဉ်ပို့လှူ ကျွဲချို ကိုကူ” One Year Members Challenge
ဩဂုတ် ၁၀၊ VOR
မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(၁၀၀၁)တပ်ရင်း၊ ကျွဲချိုတပ်ခွဲက ရဲဘော်တွေရဲ့ နေ့စဉ်လိုအပ်ချက်တွေကို ဖြေရှင်းပေးနိုင်ရေးအတွက် “လစဉ်ပို့လှူ ကျွဲချိုကိုကူ” One Year Members Challenge ကို ယခု ဩဂုတ်လ တစ်လအတွင်း မန်ဘာပါဝင်နိုင်ကြောင်း ဖိတ်ခေါ်နေကြပါတယ်။
မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(၁၀၀၁)တပ်ရင်း၊ ကျွဲချိုတပ်ခွဲဟာ MOD လက်အောက်ခံ တပ်ရင်းဖြစ်သော်လည်း ယနေ့ထိတိုင်ပြည့်ပြည့်ဝဝ ထောက်ပံ့ကူညီပေးခြင်းမရရှိသေးတာကြောင့် လစဉ်မန်ဘာများ ဖိတ်ခေါ်ပြီး ရန်ပုံငွေရှာဖွေရခြင်း ဖြစ်ပါတယ်။
ကရင်နီပြည်နယ်က စစ်ရေးအရှိန်ကြောင့် တော်လှန်ရေးရဲဘော်တွေရဲ့ နေ့စဉ်နဲ့ လစဉ်လိုအပ်ချက်ဖြစ်တဲ့ “ရိက္ခာ၊ ဆေးဝါးများနှင့် (ခဲယမ်း)ကျည်”တွေ အဓိကလိုအပ်တာဖြစ်ပြီး ရဲဘော်တွေအတွက် အဓိကအခြေခံကျတဲ့ ဒီလိုအပ်ချက်(၃)ခုကို ခက်ခက်ခဲခဲ ဖြတ်ကျော်လာရတာ (၃)နှစ်ကျော်လာပြီမို့ လစဉ်မန်ဘာဝင်ပြီး ထောက်ပို့ပေးကြဖို့ ကမ်ပိန်းအဖွဲ့သားတွေက ဖိတ်ခေါ်နေကြတာပါ။
အဆိုပါတပ်ခွဲရဲ့ လစဉ်လိုအပ်ချက်များအဆင်ပြေစေဖို့ “မန်ဘာဝင်”(100)ဦး လိုအပ်တာပါ။ ဒါ့ကြောင့် ပြည််တွင်း၊ ပြည်ပရောက် မန်ဘာဝင်လိုသူ ထောက်ပို့ပြည်သူများအနေနဲ့ တစ်ဦးချင်းဖြစ်စေ၊ Group အလိုက်ဖြစ်စေ ၂၀၂၄ ခုနှစ် ဩဂုတ်လမှ ၂၀၂၅ ခုနှစ် ဩဂုတ်လထိ တစ်နှစ်တိတိ(လစဉ်) မြန်မာငွေ(၂၀၀,၀၀၀)ကျပ်ဖြင့် ပါဝင်တာဝန်ယူ ထောက်ပို့ပေးရမှာ ဖြစ်ပါတယ်။
“လစဉ်ပို့လှူ ကျွဲချို ကိုကူ” မှာ မန်ဘာဝင်မည်ဆိုပါက KBZ Bank၊ SDB Bank၊ NUG pay၊ Thai Bank၊ Japan Bank၊ Malaysia Bank စသည့် ဘဏ်အကောင့်များဖြင့် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်-ကျွဲချိုထောက်ပို့ page Messanger ကို ဆက်သွယ်ပြီး လစဉ် “မန်ဘာကဒ်”လုပ်နိုင်ပါတယ်။
ကျွဲချိုတပ်ခွဲရဲ့ “လစဉ်ပို့လှူ ကျွဲချို ကိုကူ” One Year Members Challenge ကို တစ်နှစ်တိတိပါဝင်ထောက်ပို့သူများအနေဖြင့် “(လစဉ်)ထောက်ပို့ Card ၊ တပ်ခွဲ မှတ်တမ်းလွှာ, (နှစ်စဉ်) ခဲပန်းချီကံစမ်းလက်ဆောင်များနင့် အခြားအမှတ်တရ တော်လှန်လက်ဆောင်များ”ကို ပြန်ပြီးပို့ပေးမယ့် အစီအစဉ်ရှိတာကြောင့် “ထောက်ပို့မန်ဘာ” ဝင်ပြီး တော်လှန်ရေးမှာ ကူပေးကြပါဦးလို့ အသိပေးနှိုးဆော်လိုက်ရပါတယ်။


More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်