Categories

June 2024
M T W T F S S
 12
3456789
10111213141516
17181920212223
24252627282930
April 24, 2026

TNLA အုပ်ချုပ်တဲ့ နမ့်ခမ်းမှာ စစ်ကောင်စီထုတ်ကုန်များ ရှောင်တခင်စစ်ဆေးမှုပြုလုပ်

TNLA အုပ်ချုပ်တဲ့ နမ့်ခမ်းမှာ စစ်ကောင်စီထုတ်ကုန်များ ရှောင်တခင်စစ်ဆေးမှုပြုလုပ်

ဇွန် ၇၊ VOR

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA သိမ်းယူထားတဲ့ နမ့်ခမ်းမြို့မှာ မူးယစ်ဆေးဝါးနဲ့ ကူးသန်းရောင်းဝယ်ခွင့် မပြုထားတဲ့ စစ်ကောင်စီထုတ်ကုန်တွေကို တပ်မဟာနဲ့ တရားဥပဒေစိုးမိုးရေး ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ရှောင်တခင်စစ်ဆေးမှုပြုလုပ်ခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။

နမ့်ခမ်းမြို့က ထွက်ခွါသွားတဲ့ ကုန်တင်ယာဉ်များနဲ့ မူဆယ်ဘက်ကလာတဲ့ ယာဉ်တွေကို နမ့်ခမ်းမြို့အဝင် မန်ခမ်းကျေးရွာနားမှာ မနေ့က စစ်ဆေးမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာစစ်တပ်အာဏာသိမ်းချိန်ကစလို့ PSLF/TNLA အုပ်ချုပ်တဲ့ မြို့နယ်အတွင်းမှာ စစ်ကောင်စီထုတ်စားသုံးကုန် လူသုံးကုန်များနဲ့ ကူးသန်းရောင်းဝယ်သူ များကို အရေးယူမှုပြုလုပ်လျှက်ရှိတယ်လို့ သိရပါတယ်။

You may have missed