ဧပြီ ၁၇၊ VOR
ယနေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် အကျဉ်းထောင်အသီးသီး၌ အကျဉ်းကျခံနေရသည့် ၃၃၀၃ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ကြောင်း စစ်ကောင်စီက ကြေညာသည်။
ယနေ့ ဧပြီလ ၁၇ရက် မြန်မာနှစ်သစ်ကူးအခါသမယတွင် အကျဉ်းထောင်/အချုပ်ထောင်/ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်သား/အကျဉ်းသူ ၃၃၀၃ဦးတို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ် ထပ်မံပြစ်မှုကျူးလွန်ပါက ၎င်းပစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းချက်ဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံရေးအကျဉ်းသား လွတ်မြောက်မှုအခြေအနေများကို VOR အနေဖြင့် မသိရှိရသေးပေ။
” နှစ်ဆန်းတစ်ရက်နေ့ ပေးသည့် အကြမ်းဖက်စစ်ကောင်စီ လွတ်ငြိမ်း အကျဉ်းသား၊အကျဉ်းသူအရေအတွက် အလွန်နည်းပါးသည်။ နိုင်ကျဉ်းအရေအတွက် မည်မျှပါဝင်ကြောင်း စောင့်ကြည့်ထုတ်ပြန်သွားပါမည်။” ဟု
မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ကလည်း ထုတ်ပြန်ထားသည်။
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု စတင်ချိန်မှ ဧပြီလ ၁၂ ရက်၊ ၂၀၂၄ ခုနှစ်အထိ စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၆၅၂၄) ဦးရှိပြီး ထိုအထဲမှ ပြည်သူ (၂၀၃၅၁) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၈၉၄၀) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်ဟု နိုင်ငံရေးအကျဉ်းသားများစောင့်ရှောက်ရေအသင်း AAPP က ထုတ်ပြန်ထားသည် ။


More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ