Categories

April 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
2930  
April 30, 2026

အကျဉ်းကျခံနေရသည့် ၃ထောင်ကျော် ကို စစ်ကောင်စီပြန်လွှတ်

အကျဉ်းကျခံနေရသည့် ၃ထောင်ကျော် ကို စစ်ကောင်စီပြန်လွှတ်

ဧပြီ ၁၇၊ VOR

ယနေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် အကျဉ်းထောင်အသီးသီး၌ အကျဉ်းကျခံနေရသည့် ၃၃၀၃ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ကြောင်း စစ်ကောင်စီက ကြေညာသည်။

ယနေ့ ဧပြီလ ၁၇ရက် မြန်မာနှစ်သစ်ကူးအခါသမယတွင် အကျဉ်းထောင်/အချုပ်ထောင်/ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်သား/အကျဉ်းသူ ၃၃၀၃ဦးတို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ် ထပ်မံပြစ်မှုကျူးလွန်ပါက ၎င်းပစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းချက်ဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်မှုအခြေအနေများကို VOR အနေဖြင့် မသိရှိရသေးပေ။

” နှစ်ဆန်းတစ်ရက်နေ့ ပေးသည့် အကြမ်းဖက်စစ်ကောင်စီ လွတ်ငြိမ်း အကျဉ်းသား၊အကျဉ်းသူအရေအတွက် အလွန်နည်းပါးသည်။ နိုင်ကျဉ်းအရေအတွက် မည်မျှပါဝင်ကြောင်း စောင့်ကြည့်ထုတ်ပြန်သွားပါမည်။” ဟု
မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ကလည်း ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု စတင်ချိန်မှ ဧပြီလ ၁၂ ရက်၊ ၂၀၂၄ ခုနှစ်အထိ စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၆၅၂၄) ဦးရှိပြီး ထိုအထဲမှ ပြည်သူ (၂၀၃၅၁) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၈၉၄၀) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်ဟု နိုင်ငံရေးအကျဉ်းသားများ‌စောင့်ရှောက်ရေအသင်း AAPP က ထုတ်ပြန်ထားသည် ။

အကျဉ်းကျခံနေရသည့် ၃ထောင်ကျော် ကို စစ်ကောင်စီပြန်လွှတ်

You may have missed