Categories

March 2024
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031
May 22, 2026

ကျိုက်ဒုံမြို့တိုက်ပွဲများကြောင့် မြန်မာစစ်သား ၄၈ဦး ထိုင်းဘက်ခြမ်းကို ထွက်ပြေး၊ ထိုင်းစစ်တပ်က ဖမ်းဆီးထိန်းသိမ်း

ကျိုက်ဒုံမြို့တိုက်ပွဲများကြောင့် မြန်မာစစ်သား ၄၈ဦး ထိုင်းဘက်ခြမ်းကို ထွက်ပြေး၊ ထိုင်းစစ်တပ်က ဖမ်းဆီးထိန်းသိမ်း

မတ် ၁၉၊ VOR

ကရင်ပြည်နယ် ကျိုက်ဒုံမြို့တွင်း တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ စစ်ကောင်စီတပ်သား ၄၈ ဦးသည် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးသွားသဖြင့် ထိုင်းစစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဒေသမီဒီယာများထံက သိရသည်။

ယနေ့ မတ်လ ၁၉ရက်နေ့ နေ့လည်ပိုင်းတွင် ကျိုက်ဒုံမြို့ စစ်ကောင်စီတပ်စခန်းမှ တပ်သား ၄၈ ဦးသည် ထိုင်းနိုင်ငံ၊ ပိုင်ခလိုင်နယ်စပ်သို့ ဖြတ်ကျော်ထွက်ပြေးသွားခြင်းဖြစ်ကြောင်း ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများကို ထိုင်းစစ်တပ်က လက်နက်များဖြုတ်သိမ်းပြီး ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့နယ်ခွဲအခြေစိုက် စစ်ကောင်စီ ဗျုဟာစခန်းကို KNLA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ထားပြီးနောက် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခြင်းဖြစ်သည်။

You may have missed