မတ် ၁၉၊ VOR
စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအားအကောင်အထည်ဖော်ရန် ပူးပေါင်းပါဝင်ကူညီသူများကို စစ်ကောင်စီထောက်တိုင်များအဖြစ်သတ်မှတ်၍ ပြင်းထန်စွာအရေးယူမည်ဟု ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့ (UG) ၅ဖွဲ့ က အသိပေးလိုက်သည်။
“စစ်မှုမထမ်းမနေရ အမိန့်ကြေညာချက် သက်ဝင်လာစေရန် နည်းလမ်းအမျိုးမျိုးဖြင့် ပူးပေါင်းကူညီဆောင်ရွက်နေသော ဖက်ဆစ် အလိုတော်ရိများအားလုံးကို အကြမ်းဖက် စစ်ကောင်စီ၏ ခွေးသွားစိတ် ထောက်တိုင်များအဖြစ်သတ်မှတ်ပြီး ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျွန်ုပ်တို့ ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့အစည်းများက သတိပေးထုတ်ပြန်လိုက်သည် ဟု ကြေညာချက်တွင် ရေးသားထားသည်။
အဆိုပါ ထုတ်ပြန်ချက်ကို ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (ရန်ကုန်ပကဖ) ၊ Yangon Urban Guerrillas (YUG) ၊ Yangon UG Association (YUA) ၊ Yangon Army (YA )နှင့် Yangon Guardian Army(Y.G.A) တို့ကပူးပေါင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။


More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်