Categories

March 2024
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031
April 24, 2026

ကောလင်းမြို့နယ် ခံသာရွာတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား

ကောလင်းမြို့နယ် ခံသာရွာတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား

မတ် ၄၊ VOR

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ခံသာရွာတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ဆောင်နှင့် ပြည်သူနေအိမ်များ ထိခိုက်ပျက်စီးခဲ့ရကြောင်း Kawlin People Defence Force က သတင်းထုတ်ပြန်သည်။

မတ်လ ၂ရက်နေ့တွင် စစ်ကောင်စီတပ်က ကောလင်းမြို့နယ် အမှတ် ၁ တပ်ရင်းနယ်မြေ သစ်ဖုလ ဘုရားကုန်း၏ အရှေ့ဘက် ခံသာရွာသို့ စစ်ကြောင်းစထိုးရာ ခံသာရွာအဝင်တွင် တော်လှန်ရေးအဖွဲ့မှ ပိတ်ဆို့တိုက်ခိုက်ခဲ့သဖြင့် ယမန်နေ့ မတ်လ ၃ရက်နေ့အထိတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းနေ့ နေ့လည် ၁၂ နာရီထိုးပြီးအချိန်တွင် စစ်ကောင်စီတပ်က လေယာဥ်ပစ်ကူပေး၍ အ.ထ.ကပင်မ စာသင်ကျောင်းဆောင် အရှေ့ပိုင်း၊ ရွာတွင်းမှ ပြည်သူနေအိမ် ၅လုံး ကျည်ထိမှန် ထိခိုက်ပျက်စီးခဲ့ပြီး ရဲဘော်နုစ်ဦး မစိုးရိမ်ရ ထိခိုက်မူ့ ရှိခဲ့သည်ဟု သိရသည်။

You may have missed