Categories

March 2024
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031
May 13, 2026

ထားဝယ်မြို့နယ်၊ ရောင်းမော်ကျေးရွာအနီး စစ်ကောင်စီစခန်းကို PDF တို့ သိမ်းပိုက်ပြီး လက်နက် အများအပြား ရရှိ

ထားဝယ်မြို့နယ်၊ ရောင်းမော်ကျေးရွာအနီး စစ်ကောင်စီစခန်းကို PDF တို့ သိမ်းပိုက်ပြီး လက်နက် အများအပြား ရရှိ

မတ် ၃၊ VOR

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ရောင်းမော်ကျေးရွာအနီး စစ်ကောင်စီစခန်းကို PDF တို့ တိုက်ခိုက်ချေမှုန်းသိမ်းပိုက်ပြီး လက်နက် အများအပြား ရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ တောင်ပိုင်းတိုင်းစစ်ဒေသက သတင်းထုတ်ပြန်သည်။

ယမန်နေ့ မတ်လ ၂ ရက်နေ့တွင် တနင်္သာရီတိုင်း ၊ ထားဝယ်မြို့နယ် ရောင်းမော်ကျေးရွာအနီးတွင် အမှတ် ၃၄ ဗျူဟာစစ်ဆင်ရေးမှူး ဗိုလ်စီဝမ်း ဦးဆောင်ပြီး တနင်္သာရီပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း ၁ ( T1 ) ၊ တနင်္သာရီပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း ၂ ( T5 SOF) နှင့် (ပကဖ) ဥဩစစ်ကြောင်းတို့မှ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၂ ဦးနှင့် ပျူစောထီးအဖွဲ့နေထိုင်သောစခန်းအား တိုက်ခိုက်သိမ်းပိုက်ရာ စစ်အုပ်စု အများအပြားသေဆုံးပြီး၊ လက်နက်ခဲယမ်းများ ရရှိခဲ့သည်ဟု သိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ထံမှ ( MI- 2) အမျိုးအစားရဟတ်ယာဥ်ကို အသုံးပြုပြီး ၃ ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ တနင်္သာရီပြည်သူ့ကာကွယ်ရေးတပ်ရင်း ၁ (T 1) မှ ရဲဘော်တစ်ဦး နိူင်ငံတော်အတွက် မွန်မြတ်စွာအသက်ပေးခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းရှိ တော်လှန်ရေးတပ်ပေါင်းစုများသည် အကြမ်းဖက်စစ်ကောင်စီတပ်သားများ အခြေစိုက်ရာစခန်းများကို အဆက်မပြတ် တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီအနေဖြင့် မည်သည့်နေရာမှ လုံခြုံစွာနေထိုင်နိုင်ခြင်းမရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

ထားဝယ်မြို့နယ်၊ ရောင်းမော်ကျေးရွာအနီး စစ်ကောင်စီစခန်းကို PDF တို့ သိမ်းပိုက်ပြီး လက်နက် အများအပြား ရရှိ

You may have missed