Categories

February 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
26272829  
July 28, 2026

မြင်းခြံ ပိုက်တဲကုန်းရွာ အုပ်ချုပ်ရေးမှူနှင့် တပည့်များ ပျူစောထီးသင်တန်းတက်ရန်အသွား လမ်းခုလတ်တွင် ဒေသကာကွယ်ရေးတပ်များ၏ ဖမ်းဆီးခြင်းခံရ

မြင်းခြံ ပိုက်တဲကုန်းရွာ အုပ်ချုပ်ရေးမှူးနှင့် တပည့်များ ပျူစောထီးသင်တန်းတက်ရန်အသွား လမ်းခုလတ်တွင် ဒေသကာကွယ်ရေးတပ်များ၏ ဖမ်းဆီးခြင်းခံရ

ဖေဖော်ဝါရီ ၂၃၊ VOR

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ပိုက်တဲကုန်းရွာ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူးနှင့် တပည့် ပျူစောထီးများ စစ်သင်တန်းသွားတက်ရာ လမ်းခုလတ်တွင် ဒေသတော်လှန်ရေးတပ်ဖွဲ့များက သတင်းအရ ကြိုတင်စောင့်ဆိုင်းပြီး ဖမ်းဆီးထားနိုင်ခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်းအမှတ်၁က သတင်းထုတ်ပြန်သည်။

ယမန်နေ့က သတင်းရရှိကာ ကြိုတင်စောင့်ဆိုင်းနေရာ စစ်သင်တန်းလာတက်သည့် ပိုက်တဲကုန်းရွာ အုပ်ချုပ်ရေးမှူး မိုးစန်းနှင့် တပည့်များဖြစ်သည့်ပျူအဖွဲ့ဝင် ကျော်လှိုင်၊သန်းကျော်၊ဗိုလ်ကို၊သန်းလင်းနိုင်နှင့် မျိုးသန်းဝင်း(ခ)မွှေးနီတို့ကို လက်ရဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

ပိုက်တဲကုန်းရှိ စစ်အုပ်စုခန့်အုပ်ချုပ်ရေးမှူး/ပျူခေါင်းဆောင် မိုးစန်းနဲ့အဖွဲ့ကို တော်လှန်ရေးတပ်ဖွဲ့တွေက မြင်းခြံ-တောင်သာလမ်းပိုင်းပေါ်မှာ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ထိထိရောက်ရောက်အရေးယူသွားမည်ဟု ဆိုသည်။

အဆိုပါ စစ်ဆင်ရေးကို မြင်းခြံခရိုင်အမှတ်-၁ တပ်ရင်း၊ မြင်းခြံခရိုင်အမှတ်-၂ တပ်ရင်း၊ မြင်းခြံခရိုင်အမှတ်-၈တပ်ရင်း၊ မလှိုင်မြို့နယ်(ပကဖ)နဲစွန်ရဲပြောက်ကျားတပ်ဖွဲ့တို့ မှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

မြင်းခြံ ပိုက်တဲကုန်းရွာ အုပ်ချုပ်ရေးမှူနှင့် တပည့်များ ပျူစောထီးသင်တန်းတက်ရန်အသွား လမ်းခုလတ်တွင် ဒေသကာကွယ်ရေးတပ်များ၏ ဖမ်းဆီးခြင်းခံရ

You may have missed