Categories

February 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
26272829  
May 21, 2026

ဇရပ်ကြီးမြို့ဈေးမီးလောင်ပြီး ဆိုင်ခန်းများနှင့် လူနေအိမ် ၂လုံး မီးလောင်ပြာကျ

ဇရပ်ကြီးမြို့ဈေးမီးလောင်ပြီး ဆိုင်ခန်းများနှင့် လူနေအိမ် ၂လုံး မီးလောင်ပြာကျ

ဖေဖော်ဝါရီ ၂၃၊ VOR

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ဇရပ်ကြီးမြို့ရှိ စျေးတွင် မီးလောင်ပြီး ဆိုင်ခန်းများနှင့် လူနေအိမ် ၂လုံး မီးလောင်ပျက်စီးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ ဖေဖော်ဝါရီ ၂၃ ရက် နေ့လယ် ၂ နာရီဝန်းကျင်ခန့်က စျေးအတွင်း မီးစတင်လောင်ကျွမ်းပြီး ဒေသခံပြည်သူများနှင့် သံဃာတော်များ ဝိုင်းဝန်းမီးငြိမ်ခဲ့ကြရသည်။

အဆိုပါမီးလောင်မှုသည် ရှို့မီးဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်နေကြပြီး စျေးဆိုင်ခန်းအများအပြားမီးလောင်ခဲ့ကာ အနီးရှိ လူနေအိမ် ၂လုံးမီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၉ရက်နေ့တွင် KNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်တပ်က လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့ရကာ ပြည်သူ သေဆုံးမှုများရှိခဲ့သည်။

You may have missed