Categories

January 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  
April 24, 2026

ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ရန် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသော မင်းပြားမြို့အခြေစိုက် စကခ (၉) လက်အောက်ခံ ခမရ (၃၇၉) တပ်ရင်းထံမှ လောလောလတ်လတ် သိမ်းဆည်းရရှိထားသော လက်နက်ခဲယမ်းမီးကျောက်များနှင့် စစ်အသုံးအဆောင်ပစ္စည်းအချို့

ကျောက်တော်အခြေစိုက် ခမရ (၃၇၄)နှင့် မင်းပြားအခြေစိုက် ခမရ (၃၈၀) တပ်ရင်း ၂ခုတစ်ခုလုံးကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်၊ ရမ်းဗြဲတိုက်ပွဲတွင် လေကြောင်းမှ ချပေးသော လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့

ဇန်နဝါရီ ၃၁၊ VOR

ကျောက်တော်အခြေစိုက် ခမရ (၃၇၄) တပ်ရင်းတစ်ခုလုံးနှင့် မင်းပြားအခြေစိုက် ခမရ ၃၈၀တပ်ရင်းတို့ကို ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ၏ ဒေသအခြေစိုက်တပ်ရင်းများထဲမှ စကခ (၉) လက်အောက်ခံ ကျောက်တော်အခြေစိုက် ခမရ (၃၇၄) တပ်ရင်းတစ်ခုလုံးအား ရက္ခိုင့်တပ်တော်မှ ယမန်နေ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက်နေ့တွင် စစ်ကောင်စီ၏ လေကြောင်းမှ တစ်ရက်လုံးတောက်လျှောက် အဆက်မပြတ် မရပ်မနား ပစ်ခတ်တိုက်ခိုက်နေသည့်ကြားမှ အပြီးသတ်သိမ်းပိုက် ရယူနိုင်ခဲ့ပြီးဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

မင်းပြားမြို့ အခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ်၏ စကခ (၉) လက်အောက်ခံ ခမရ (၃၈၀) တပ်ရင်းကိုလည်း စစ်ကောင်စီက ကြည်း၊ ရေ၊ လေ သုံးခုပေါင်းပြီး အပြင်းအထန်ခုခံကာကွယ်နေသည့်ကြားမှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၈) ရက်နေ့တွင် ရက္ခိုင့်တပ်တော် အာရက္ခစစ်သည်တော်များမှ ရဲရင့်ပြောင်မြောက်စွာဖြင့် အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့သည်ဟု ဆိုသည်။

ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့များမှ ကျန်ရှိနေသေးသော တပ်ရင်းများကိုလည်း အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး အားလုံးသော စခန်းများလည်း မကြာမှီ အပြီးသတ်သိမ်းပိုက်ရယူရန် ရက္ခိုင့်တပ်တော်အနေဖြင့် အပြည့်အဝယုံကြည်ပြီး လက်ရှိတွင်လည်း AA ဘက်က အခြေအနေကောင်းလျက်ရှိသည်ဟု သိရသည်။

ရမ်းဗြဲမြို့သို့ ထပ်မံဖြည့်တင်းလာသော စစ်ကောင်စီ၏ စစ်အင်အား (၁၂၀) ကျော်နှင့် ယခင်ရှိနှင့်ပြီးသား လက်ကျန်တပ်ဖွဲ့ဝင်အချို့ပူးပေါင်းသော စစ်ကြောင်း နှင့် ရက္ခိုင့်တပ်တော်တို့သည် မြို့တွင်းတိုက်ပွဲ ယမန်နေ့မှစ၍ စတင်ဖြစ်ပွားခဲ့သည်။

နှစ်ဖက်အထိအခိုက်အကျအဆုံးရှိခဲ့ပြီး AAဘက်မှ စစ်ကောင်စီ၏ အလောင်း၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းတစ်ချို့အပြင် ယမန်နေ့၌ လေကြောင်းမှ ချပေးသော လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

ရမ်းဗြဲမြို့တွင်းတိုက်ပွဲမှာ နောက်ရက်များ၌ ပိုမိုပြင်းထန်လာနိုင်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ရမ်းဗြဲမြို့တွင်မူ ယခုရက်သတ္တပတ်အတွင်း ရင်ဆိုင်တိုက်ပွဲဆိုသည်ထက် စစ်ကောင်စီမှ လေကြောင်း၊ လက်နက်ကြီးများဖြင့် အဓိကပစ်ခတ်ဖျက်ဆီးပြီး တစ်မြို့လုံးအားပျက်စီးစေရန် တမင်တကာ ရည်ရွယ်ချက်ရှိရှိဖြင့် ပြုလုပ်လျက်ရှိသည်ဟု သိရသည်။

အာရက္ခပြည်သူများကို နှစ်ပေါင်းများစွာကြာအောင် ဒုက္ခပေးနေခဲ့သော စစ်ကောင်စီ၏ တပ်စခန်းတိုင်း နှင့် လက်နက်ချ အညံ့မခံဘဲ ပြည်သူများကို ဒုက္ခပေးနေသည့် ကျန်ရှိနေသေးသော စခန်းတိုင်းကို တစ်စခန်းမကျန် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဟု ဆိုသည်။

You may have missed