ဇန်နဝါရီ ၂၉၊ VOR
စစ်ကောင်စီ နှင့် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တို့သည် ယမန်နေ့တွင်လည်း ဆီဆိုင်မြို့နှင့် ပအိုဝ်းကျေးရွာများကို လက်နက်ကြီးများ လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း မီးလောင်ဗုံးဖြင့် တိုက်ခိုက်ခြင်းကြောင့် ဆီဆိုင်မြို့အတွင်းရှိ sweet dream ဆိုင်အပါအဝင် ပြည်သူပိုင် အိုးအိမ်စည်းစိမ်များ မီးလောင်ပျက်စီးခဲ့ရသည်ဟု PNLA ကသတင်းထုတ်ပြန်သည်။
လက်ရှိတွင် စစ်ကောင်စီနှင့် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့သည် ဆီဆိုင်မြို့ကို ဗုံးကြဲတိုက်ခိုက်ခြင်း လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းတို့ကြောင့် မြို့တွင်းအခြေအနေသည် လုံခြုံမှုအားနည်းနေဆဲဖြစ်သည်ဟု ဆိုသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် မလိုလားသည့်ထိခိုက်မှုများမဖြစ်စေရန် ဆီဆိုင်မြို့အတွင်းသို့ ဝင်ရောက်ခြင်း နေအိမ်ပြန်ကြည့်ခြင့်း ပစ္စည်းများပြန်သယ်ခြင်းများ မပြုလုပ်ကြသေးရန် နှင့် လုံခြုံဘေးကင်းသည့် နေရာများတွင် ခေတ္တခိုလှုံနေထိုင်ကြရန် မေတ္တာရပ်ခံတိုက်တွန်းထားသည်။
ပအိုဝ်းဒေသ ထာဝရ လုံခြုံဘေးကင်းရေး ပြည်သူများလွတ်လပ်လုံခြုံစွာသွားလာနေထိုင်နိုင်ရေးတွက် လုံခြုံရေးဆိုင်ရာလှုပ်ရှားမှုကို ပြုလုပ်ရာတွင် စစ်ကောင်စီကြောင့် ပြည်သူများ ထိခိုက်နိုင်သည်ကို သိရှိနားလည်ပါသော်လည်း ပိုမိုဆိုးရွားသည့် စစ်အာဏာရှင်လက်အောက်တွင် ပြည်သူကို မစတေးနိုင်သဖြင့် ယခုနည်းလမ်းကိုရွေးချယ်ရခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်က ဆိုထားသည်။
ထို့ကြောင့် တန်းတူညီမျှရေးကို အပြည့်အဝ အာမခံသည့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုအတွင်း ထာဝရတည်ငြိမ်အေးချမ်းသည့်လူမှုဘဝကို တည်ဆောက်နိုင်ရေး လက်ရှိအခြေအနေကို ပြည်သူလူထုများမှ နားလည်ပြီး ဘေးကင်းလုံခြုံရာတွင်ခေတ္တယာယီခိုလှုံကြပါရန် တိုက်တွန်းထားသည်။




More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်