ဇန်နဝါရီ ၂၈၊ VOR
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ်(၃) ဒေါနစစ်ကြောင်း၏ အပတ်စဥ်(၉) အခြေခံသင်တန်းဆင်းပွဲအခမ်းနားကို ဇန်နဝါရီလ (၂၈) ရက်၊ ၂၀၂၄ ခုနှစ် တွင် ကျင်းပခဲ့ပြီး ပူးပေါင်းမဟာမိတ်အဖွဲ့များက တက်ရောက်ခဲ့သည်ဟု ဒေါနစစ်ကြောင်းက သတင်းထုတ်ပြန်သည်။
အဆိုပါ ဒေါနစစ်ကြောင်း အပတ်စဥ်(၉) အခြေခံစစ်ပညာသင်တန်းတွင် ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်များ၊ ရေဖြူမြို့နယ် က ဝေဟင် အဖွဲ့က ရဲဘော်များ၊ ထားဝယ်မြို့ကာကွယ်ရေးအဖွဲ့ (DDT) က ရဲဘော်များအပြင် မဟာမိတ်တပ်ဖွဲ့များဖြစ်သည့် MSRF ရဲဘော်များ၊ ရေးသိမ်းငှက်အဖွဲ့ ရဲဘော်များ၊ ရေးပြောက်ကျားတပ်ဖွဲ့ရဲဘော်များ သင်တန်းတက်ရောက်ခဲ့ကြသည်ဟု သိရသည်။
သင်တန်းဆင်းပွဲအခမ်းအနားကို အစီအစဥ် (၉) ရပ်ဖြင့် ကျင်းပခဲ့ပြီး သင်တန်းဆင်းရဲဘော်များက သင်တန်းကွင်းအတွင်း ချီတက်နေရာယူကာ အလေးပြု သစ္စာဆိုခြင်း၊ ပွဲတက်ရောက်သော တာဝန်ရှိသူများနှင့် ပူးပေါင်းမဟာမိတ်အဖွဲ့ခေါင်းဆောင်များက မိန့်ခွန်းများ ပြောကြားခဲ့သည်ဟု ဆိုသည်။
လက်နက်ကြီးသင်တန်းဆင်းရဲဘော်များ၏ လေ့ကျင့်ရေးပြည့်ဝနေသော လက်နက်ကြီးပစ်ခတ်မှုစွမ်းရည်များ သရုပ်ဖော်ပြသခဲ့သည်ဟု သိရသည်။
ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲအတွက် တိုင်းပြည်နှင့် ပြည်သူလူထုအပေါ် အသက်ပေး၍ ကာကွယ်သွားမည်ဟု သင်တန်းဆင်းပွဲအခမ်းအနားတွင်ရဲဘော်များက ကတိသစ္စာပြု ကျိန်ဆိုခဲ့ကြသည်။












More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ