Categories

January 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  
October 29, 2026

စစ်ကောင်စီတပ်မှ MNDAA တပ်စွဲရာသို့ ရှောင်တခင်ဝင်ရောက်တိုက်ခိုက်သဖြင့် MNDAA ရဲဘော်တစ်ဦးကျဆုံး

စစ်ကောင်စီတပ်မှ MNDAA တပ်စွဲရာသို့ ရှောင်တခင်ဝင်ရောက်တိုက်ခိုက်သဖြင့် MNDAA ရဲဘော်တစ်ဦးကျဆုံး၊ ကြားဝင်ခဲ့သည့် တရုတ်ကူညီမှုကို အလေးမထားသည့်အပြင် စော်ကားလိုက်ခြင်းဟု ဆို

ဇန်နဝါရီ ၂၅၊ VOR

စစ်ကောင်စီ၏ “ဗျူဟာ (၄၈)” မှ တပ်ဖွဲ့ဝင်အင်အား (၃၀) ကျော်ခန့်သည် ကိုးကန့်တပ်မတော် (MNDAA) အခြေစိုက်တပ်စွဲထားသည့် ကိုးကန့်အထူးဒေသ (၁)၊ မူပန်ခရိုင်အတွင်းသို့ စစ်ကြောင်းနှစ်ကြောင်းဖြင့် ရှောင်တခင်ဝင်ရောက်တိုက်ခိုက်လာသဖြင့် င့် MNDAA ရဲဘော်တစ်ဦးကျဆုံးခဲ့သည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့က ယနေ့သတင်းထုတ်ပြန်သည်။

ယမန်နေ့ ဇန်နဝါရီလ(၂၄) ရက်၊ နေ့လယ် (၁၁) နာရီ (၂၁) မိနစ်အချိန်ခန့်၌ စစ်ကောင်စီ၏ “ဗျူဟာ (၄၈)” မှ တပ်ဖွဲ့ဝင်အင်အား (၃၀) ကျော်ခန့်သည် ကိုးကန့်တပ်မတော် (MNDAA) အခြေစိုက်တပ်စွဲထားသည့် ကိုးကန့်အထူးဒေသ (၁)၊ မူပန်ခရိုင်အတွင်းသို့ စစ်ကြောင်းနှစ်ကြောင်းဖြင့် ရှောင်တခင်ဝင်ရောက်လာခဲ့ပြီး အလစ်အငိုက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သဖြင့် MNDAA ရဲဘော် (၁) ဦး အသက်စွန့်လွှတ်ခဲ့ရသည်ဟု သိရသည်။

ညီနောင်မဟာမိတ်တို့သည် ” ဟိုင်ဂင်သဘောတူညီမှု” အား လိုက်နာသည်ကို အခွင့်ကောင်းယူ၍ စစ်ကောင်စီဖက်မှ ဗြောင်ကျကျ ချိုးဖောက်၍ တိုက်ခိုက်သည်မှာ ဟိုင်ဂင်သဘောတူညီမှုကို အလေးမထားရာရောက်သည့်အပြင် ကြားဝင်ဆောင်ရွက်ပေးသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ကူညီမှုကို အလေးမထားသည့်အပြင် စော်ကားလိုက်ခြင်းပင်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

၂၀၂၄ ခုနှစ်၊ဇန်နဝါရီလ (၁၆) ရက်နေ့ကလည်း စစ်ကောင်စီသည် “ဟိုင်ဂင်သဘောတူညီမှု” အား ပထမအကြိမ် ပေါ်ပေါ်ထင်ထင်ချိုးဖောက်ခဲ့ပြီးဖြစ်သောကြောင့် ယခုတစ်ကြိမ်နှင့်ဆိုလျှင် ဒုတိယအကြိမ်ထပ်မံချိုးဖောက်လိုက်ခြင်းပင် ဖြစ်သည်ဟုဆိုသည်။

ထို့ပြင် တအာင်းပြည်နယ်၊ တပ်မဟာ (၆) ဒေသ၊ လားရှိုးမြို့နယ်၊ နမ့်တွန်ရွာ၌ အခြေချတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းမှ နံနက် (၁၁) နာရီ (၂၀) မိနစ်အချိန်ခန့်က သိန္နီဘက်ခြမ်း နယ်စပ်တံတားသို့ လက်နက်ကြီးဖြင့် (၁၈) ကြိမ်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

အလားတူ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာသို့လည်း ရန်သူ့ဂျက်ဖိုက်တာဖြင့် (၇) ကြိမ်၊ Mi-35 ရဟတ်ယာဉ်ဖြင့် (၃) ကြိမ်နှင့် Y-12 ဖြင့် (၁၁) ကြိမ်ဖြင့် ဗုံးအလုံးပေါင်း (၁၀၁) လုံး ကြဲချတိုက်ခိုက်ခဲ့သည့်အပြင် ဖျက်အားပြင်းပေါင် (၅၀၀) ဗုံး (၃) လုံးဖြင့်ပါ လာရောက်ပစ်ချတိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီတပ်မှ MNDAA တပ်စွဲရာသို့ ရှောင်တခင်ဝင်ရောက်တိုက်ခိုက်သဖြင့် MNDAA ရဲဘော်တစ်ဦးကျဆုံး

You may have missed