Categories

January 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  
May 21, 2026

သိန္နီနယ်စပ်တံတားနှင့် ကွတ်ခိုင် နမ့်ဖက်ကာသို့ စစ်တပ်က လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်

သိန္နီနယ်စပ်တံတားနှင့် ကွတ်ခိုင် နမ့်ဖက်ကာသို့ စစ်တပ်က လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်

ဇန်နဝါရီ ၂၄၊ VOR

ရှမ်းမြောက်ဒေသ သိန္နီနယ်စပ်တံတားနှင့် ကွတ်ခိုင် နမ့်ဖက်ကာသို့ စစ်တပ်က ယနေ့ ဇန်နဝါရီ ၂၄ရက်နေ့တွင် လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုပြုလုပ်ခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။

လားရှိုးမြို့နယ် နမ့်တွန်ရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်မှ ယနေ့ နံနက် (၁၁း၂၀)နာရီအချိန်တွင် သိန္နီဘက် နယ်စပ်တံတားသို့ လက်နက်ကြီးဖြင့် (၁၈)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာသို့ စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် (၇)ကြိမ်၊ Mi35 ဖြင့် (၃)ကြိမ်၊ Y12 ဖြင့် (၁၁)ကြိမ်၊ ဗုံး (၁၀၁) လုံး နှင့် ဖျက်အားပြင်း ပေါင် (၅၀၀)ဗုံး (၃)လုံးဖြင့် လာရောက်ကြဲချ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်က ဟိုင်ဂင်သဘောတူညီချက်ကို အကြိမ်ကြိမ်ချိုးဖောက်နေပြီး သည်းခံနေ၍သာတိုက်ပွဲမဖြစ်ခြင်းဖြစ်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ယမန်နေ့က ထုတ်ပြန်ခဲ့သည်။ 

သိန္နီနယ်စပ်တံတားနှင့် ကွတ်ခိုင် နမ့်ဖက်ကာသို့ စစ်တပ်က လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်

You may have missed