ဇန်နဝါရီ ၂၃၊ VOR
ဖားကန့်မြို့နယ် ဝှေခါဗျူဟာစခန်းသိမ်းတိုက်ပွဲအတွင်း စခန်းစွန့်ခွာထွက်ပြေးသွားသည့် ဗိုလ်မှူးစံလွင်နှင့် ဖွဲ့ထဲမှ တပ်သား ၅ဦးကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA/KPDFမှ အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသည့် တပ်သားများသည် တပ်မ ၃၃ မှ သုံးဦးနှင့် တိုက်ခိုက်ရေး ရဲတပ်ရင်း ၃၀ မှ နှစ်ဦးဖြစ်ပြီး ဇန်နဝါရီလ ၂၀ ရက်နေ့က လမ်းခုလတ် တစ်နေရာတွင် ဖမ်းဆီးရမိကြောင်း သိရသည်။
ဖားကန့်မြို့ ဝှေခေါစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIAနှင့်KPDF ပူးပေါင်းတပ်ဖွဲ့က ဇန်နဝါရီလ ၁၈ရက်နံနက် ၄နာရီတွင် စတင်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီလ ၂၀ရက် နံနက်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။


More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်