ဇန်နဝါရီ ၂၃၊ VOR
ပခုက္ကူခရိုင် မြိုင်မြို့အထွက် မန္တလေးဂိတ်အား တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း Earthquake People’s Defence Force မှ ယမန်နေ့က သတင်းထုတ်ပြန်သည်။
ယမန်နေ့ ဇန်နဝါရီ ၂၂ ရက် နံနက် ၅ နာရီခွဲခန့်တွင် တော်လှန်ရေးတပ်များ ပူးပေါင်းပြီး မြိုင်မြို့အ ထွက် စစ်ကောင်စီတပ်သားများတပ်စွဲထားသည့် မန္တလေးဂိတ်အား တိုက်ခိုက်ခဲ့ပြီး ၁ နာရီခန့်ကြာအပြန်အလှန်ပစ်ခတ်ခဲ့ကာ ဘန်ကာ ၂ ခုအနက် ၁ ခုနှင့် ဂိတ်အနောက်ရှိ စစ်လက်ပစ် တိုက်တစ်လုံးကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ထို့နောက် စစ်ကောင်စီတပ်သားများတပ်စွဲထားသည့် မြိုင်မြို့ အမှတ် (၂) စာသင်ကျောင်းမှ ဂိတ်စခန်းဘက်သို့ လက်နက်ကြီး အချက် ၂၀ ခန့် ပစ်ကူပေးခဲ့ပြီး စစ်ရေးပစ်မှတ်မဟုတ်သည့် အနီး ရှိ ကျေးရွာများကိုပါ လက်နက်ကြီး ပစ်ခတ်သဖြင့် တော်လှန်ရေးတပ်များက ပြန်လည်ဆုတ်ခွာပေးခဲ့ ရကြောင်း သိရသည်။
ထို့အပြင် ပခုက္ကူခရိုင် မြိုင်မြို့အတွင်းရှိ စစ်တပ်စခန်းချထားရာ ထွေအုပ်ရုံး၊ မြို့နယ်ရဲစခန်း၊ လျှပ်စစ်ရုံး၊ ကိုးဆောင်ကျောင်းဂိတ်တို့ကို ဒရုန်း ဗုံးသီး ၂၀၀ ကြဲချတိုက်ခိုက်ခဲ့ သည်ဟု သိရသည်။
တိုက်ပွဲများအတွင်း စစ်သား ၄ ဉီးသေဆုံးပြီး ၎င်းတို့၏ ဖောကားတစ်စီးပျက် စီးသွားကြောင်း တော်လှန်ရေးရဲဘော် ၁ ဉီးမြင့်မြတ်စွာ ကျဆုံးခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါတိုက်ခိုက်မှုကို Earthquake people `s defence force(pakokku )တပ်ခွဲ(၁)၊(၂)နှင့် မြိုင်(ပ.က.ဖ)တပ်ရင်း၁တပ်ခွဲ ၁၊၂၊၃၊၄နှင့်မြိုင်(ပ.က.ဖ)တပ်ရင်း၂တပ်ခွဲ၁၊၂၊၃၊၄ နှင့် မြွေဆိုး တပ်ဖွဲ့၊ M.V.P Revolution force၊ Myaing U.A.V Fighter droneတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ ကြကြောင်း သိရသည်။


More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်