Categories

January 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  
April 24, 2026

စစ်ကောင်စီ တပ်ဖွဲ့ဝင် (၃)ဦး KNU ထံ လက်နက်အပ်နှံ အလင်းဝင်၊ ဆုငွေချီးမြှင့်ပြီး အလုပ်ကိုင် အခွင့်အလမ်းနှင့် နေစရာနေရာများစီစဉ်ပေးမည်

စစ်ကောင်စီ တပ်ဖွဲ့ဝင် (၃)ဦး KNU ထံ လက်နက်အပ်နှံ အလင်းဝင်၊ ဆုငွေချီးမြှင့်ပြီး အလုပ်ကိုင် အခွင့်အလမ်းနှင့် နေစရာနေရာများစီစဉ်ပေးမည်

ဇန်နဝါရီ ၂၂၊ VOR

စစ်ကောင်စီတပ် (စကခ-၈)လက်အောက်ခံ တပ်ရင်းများဖြစ်သော အမှတ် (၄၁၀) ခြေမြန်တပ်ရင်း ဝင်းတာပန်တပ်စခန်းမှ တပ်သား (၂)ဦး၊ လေးကေတပ်စခန်းမှ တပ်သား (၁)ဦး သည် ကေအဲန်ယူ-ဒူးသထူခရိုင်ရှိ KNLA/KNDOနှင့် ပူးပေါင်း တော်လှန်ရေး တပ်ဖွဲ့ထံသို့ လက်နက် အပ်နှံကာ အလင်းဝင်ခဲ့သည်ဟု ကေအဲန်ယူ-ဗဟိုက သတင်းထုတ်ပြန်သည်။

ကေအဲန်ယူ-ဒူးသထူခရိုင် တာဝန်ရှိခေါင်းဆောင်များမှ ၎င်းတို့ (၃)ဦးအား လက်နက်အပ်နှံကာ အလင်းဝင်ရောက်လာသည့် အချိန်မှစ၍ လက်နက်ခဲယမ်းယူဆောင်လာသူများကို ထိုက်သင့်သည့် ဆုငွေ များ ပေးအပ်ချီးမြှင့်ခဲ့ပြီး ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားသည်ဟု သိရသည်။

အာဏာသိမ်းစစ်ကောင်စီအား ပြန်လည် တော်လှန်လိုပါက ခွင့်ပြုပေးပြီး၊ မိမိနှင့် မိသားစုအရေးတွက်သာ လုပ်လိုပါက လိုအပ်သည့် အလုပ်ကိုင် အခွင့်အလမ်းနှင့် နေစရာနေရာများကို စီစဥ်ပေးသည်ဟု ကေအဲန်ယူ-ဒူးသထူခရိုင်၊ ခရိုင်ဥဣဌ-ပဒိုစောစိုးမြင့် မှပြောသည်။

အာဏာသိမ်းစစ်ကောင်စီတပ် (စကခ-၈)လက်အောက်ခံ (ခမရ-၄၁၀)တပ်ရင်း၊ စစ်ကောင်စီ လေးကေ တပ်စခန်းသည် ကေအဲန်ယူ-ဘီးလင်းမြို့နယ်၊ လေးကေရွာအလယ်တွင် တပ်စွဲထားကာ စစ်ကောင်စီ ဝင်းတာပန်တပ်စခန်းသည် ကေအဲန်ယူ-ဘီးလင်းမြို့နယ်၊ ဝင်းတာပန်ရွာဘေးတွင် တပ်စွဲထားသည်ဟု သိရသည်။

You may have missed