ဇန်နဝါရီ ၂၂ ၊ VOR
ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မန်ဝိန်းကြီးရဲစခန်းကို KIA ဦးဆောင်သော တော်လှန်ရေးတပ်ဖွဲ့များ က သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း သိရသည်။
ယမန်နေ့ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် မန်ဝိန်းကြီး စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ပြီးနောက် မန်းဝိန်းကြီးရဲစခန်းကိုပါ ထပ်မံ သိမ်းပိုက်ရရှိခြင်းဖြစ်သည်။
ရဲစခန်းအတွင်း စစ်အုပ်စု မည်သူမျှမကျန်ရှိတော့သဖြင့် စခန်းအတွင်းရှင်းလင်းရေးလုပ်ဆောင်နေပြီဖြစ်သည်။
လက်ရှိအချိန်တွင် KIA ပူးပေါင်းတပ်က မံစီမြို့ မဝိန်းကြီး တပ်စခန်း ရဲစခန်းအပြင် မဘိမ်းမြို့ကိုလည်းသိမ်းပိုက်ထိန်းချုပ်ထားပြီး မိုးမိတ်မြို့သိမ်းတိုက်ပွဲဆင်နွှဲလျက်ရှိသည်။
https://www.facebook.com/VORLiveNews/videos/1141899337185120




More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်