ဇန်နဝါရီ ၁၈၊ VOR
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Hero Fighterအဖွဲ့မှ သတင်းထုတ်ပြန်သည်။
ဇန်နဝါရီ ၁၆ ရက်က မုံရွာမြို့မှ အင်အား ၁၀၆ ဦးဖြင့် ဆားလင်းကြီးမြို့ကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကြောင်းသည် ဇန်နဝါရီ ၁၇ ရက် နံနက် ၇ နာရီမှ ဆားလင်းကြီးမြို့ အရှေ့ဘက် ဆားထုံးကျေးရွာသို့ အင်အား ၁၀၀ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာချိန် တော်လှန်ရေးတပ်များက ရှေ့ထွက်မိုင်းဆွဲတိုက်ခိုက်ပြီး လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရှေ့မတိုးနိုင်ဘဲ ဆားလင်းမြို့ကို ပြန်လည်ဆုတ်ပြေးသွားကြောင်း သိရသည်။
တိုက်ပွဲ ၃ ကြိမ်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်စစ်သား ၈ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ ရှိသွားကြောင်းသိရသည်။


More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်