Categories

January 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  
April 24, 2026

ရှမ်းမြောက်တွင် စစ်ရှောင်ပြည်သူများအား ရက္ခိုင့်တပ်တော်က တနိုင်တပိုင် ကူညီ ပြည်သူများနှင့် တသွေးတည်း၊ တသားတည်း လူမျိုးမရွေး၊ ဘာသာမရွေး ခွဲခြားစိတ်မရှိဘဲ အတူရပ်တည်မည်ဟုဆို

ရှမ်းမြောက်တွင် စစ်ရှောင်ပြည်သူများအား ရက္ခိုင့်တပ်တော်က တနိုင်တပိုင် ကူညီ၊ ပြည်သူများနှင့် တသွေးတည်း၊ တသားတည်း လူမျိုးမရွေး၊ ဘာသာမရွေး ခွဲခြားစိတ်မရှိဘဲ အတူရပ်တည်မည်ဟုဆို

ဇန်နဝါရီ ၁၈၊ VOR

ရှမ်းမြောက်ဒေသ၏ မူဆယ် နှင့် ၁၀၅ မိုင်အနီးတဝိုက်ရှိ စစ်ဘေးရှောင်ပြည်သူလူထုများကို ညီနောင်မဟာမိတ် (၃) ဖွဲ့ထဲမှ တစ်ဖွဲ့ဖြစ်သော ရက္ခိုင့်တပ်တော် (Arakan Army) အနေဖြင့် တနိုင်တပိုင် ကူညီပံ့ပိုးမှုများကို မနေ့က ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက်၊ နေ့လယ် (၁) နာရီခွဲခန့်မှ စတင်၍ ညနေ (၆) နာရီနီးပါးအထိ ပြုလုပ်ခဲ့သည်ဟု ရက္ခိုင့်တပ်တော်က ယနေ့သတင်းထုတ်ပြန်သည်။

စစ်ပွဲများကြောင့် ပြည်သူများအနေနှင့် လူမှုစီးပွားဒုက္ခအဝဝ နှင့် အခက်အခဲမျိုးစုံကြုံတွေ့ရသည်မှာ မှန်သော်လည်း ဤအခက်အခဲများကို အားလုံးစုပေါင်းရင်ဆိုင်ကြပြီး ပိုမိုကောင်းမွန်သော အနာဂတ်သို့ ရောက်ရှိအောင် အားလုံးစုစည်းရင်ဆိုင်သွားကြရန် ရက္ခိုင့်တပ်တော်မှ တိုက်တွန်းထားသည်။

စစ်ဘေးဒဏ်နှင့်အတူ စားဝတ်နေရေးအခက်အခဲကြုံတွေ့နေရသော ပြည်သူများနှင့် တသွေးတည်း၊ တသားတည်း အချိန်မရွေးရှိနေပါကြောင်း မည်သည့်နေရာ၊ မည့်သည့်ဒေသသို့ရောက်ရှိပါစေ လူမျိုးမရွေး၊ ဘာသာမရွေး ခွဲခြားစိတ်မရှိဘဲ အတူရပ်တည်နေပါကြောင်း ထို့အပြင် စာနာစိတ်အပြည့်ဖြင့် တတ်နိုင်သည်များကို တစ်ဖွဲ့ချင်းအလိုက်သော်လည်းကောင်း၊ ညီနောင်မဟာမိတ် (၃) ဖွဲ့အနေဖြင့်သော်လည်းကောင်း အကောင်းဆုံးပံ့ပိုးကူညီပေးသွားပါမည်ဟု ဆိုထားသည်။

You may have missed