Categories

January 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  
June 10, 2026

NUG ဝန်ကြီးဒေါက်တာဝင်းမြတ်အေးဂျပန်နိုင်ငံရှိ အင်အားကြီး အလုပ်သမားသမဂ္ဂတာဝန်ရှိသူများနှင့်တွေ့ဆုံ

NUG ဝန်ကြီးဒေါက်တာဝင်းမြတ်အေးဂျပန်နိုင်ငံရှိ အင်အားကြီး အလုပ်သမားသမဂ္ဂတာဝန်ရှိသူများနှင့်တွေ့ဆုံ

ဇန်နဝါရီ ၁၈၊ VOR

NUG အစိုးရ ၊လူသားချင်းစာနာထောက်ထားရေးနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဒေါက်တာဝင်းမြတ်အေးမှ ဂျပန်နိုင်ငံရှိ အင်အားကြီး အလုပ်သမားသမဂ္ဂများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း NUG ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက သတင်းထုတ်ပြန်သည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ၁၇.၁.၂၀၂၄(ဗုဒ္ဓဟူးနေ့) မနက်ပိုင်းတွင် Japanese Association of Metal,Machinery , and Manufacturing Worker (JAM) မှ ဥက္ကဋ္ဌ Mr.Katahiro Yasukochi အား သွားရောက် တွေ့ဆုံခဲ့ပြီး၊ ညနေပိုင်းတွင် အခြားအင်အားကြီး အလုပ်သမားသမဂ္ဂတခုဖြစ်သည့် Japanese Trade Union Confederation (JTUC-RENGO) မှ နိုင်ငံတကာရေးရာပေါ်လစီ စီမံခန့်ခွဲမှုဆိုင်ရာ ညွှန်ကြားမှူး Mr. Ryo Saito အပါအဝင် အလုပ်သမားသမဂ္ဂမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု သိရသည်။

​တွေ့ဆုံ​ဆွေး​နွေးမှုတွင် ပြည်ထောင်စုဝန်ကြီးက လက်ရှိမြန်မာ့နိုင်ငံ​ရေးအ​ခြေအ​နေများ၊ စစ်​အာဏာသိမ်းမှု​ကြောင့် မြန်မာနိုင်ငံ၌ စစ်​ဘေး​ရှောင် ဒုက္ခသည်များ မြင့်တက်လာသည့် အ​ခြေအ​နေများ၊ အဆိုပါဒုက္ခသည်များအတွက် နိုင်ငံတကာ လူသားချင်း စာနာ​ထောက်ထားမှုဆိုင်ရာ လိုအပ်​နေသည့်အ​ခြေအ​နေများ၊ ထိ​ရောက်​သောအကူအညီများ​ပေးအပ်ရန်နည်းလမ်းများ စသည်တို့ကို ​ဆွေး​နွေး​ပြောကြားခဲ့ပြီး၊ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် အစဉ်တစိုက် အားပေးကူညီပေးလျက်ရှိသည့် အလုပ်သမားသမဂ္ဂတာဝန်ရှိသူများအား ကျေးဇူးတင်ကြောင်း၊ ဆက်လက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရနှင့် အလုပ်သမားရေးရာကဏ္ဍရပ်များတွင် ချိတ်ဆက်ဆောင်ရွက်ကာ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသား အလုပ်သမားများ​၏ အခွင့်အရေးရပိုင်ခွင့်များအား ကူညီကာကွယ်ပေးနိုင်ရန်အတွက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

You may have missed