Categories

January 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  
April 24, 2026

စစ်ရေးပြင်းထန်နေသည့် ရခိုင်ပြည်နယ်တွင် ၂၀၂၄တက္ကသိုလ်ဝင် စာမေးပွဲ စစ်ကောင်စီကျင်းပမည်

စစ်ရေးပြင်းထန်နေသည့် ရခိုင်ပြည်နယ်တွင် ၂၀၂၄တက္ကသိုလ်ဝင် စာမေးပွဲ စစ်ကောင်စီကျင်းပမည်

ဇန်နဝါရီ ၁၇၊ VOR

ရခိုင်ပြည်နယ်အတွင်း၌ တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသော်လည်း ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး စာစစ်ဌာနများ စနစ်တကျ ဖွင့်လှစ်နိုင်ရေးကို ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ရန် စစ်ကောင်စီ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းက ပြောသည်။

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၊ စာစစ်ဌာနများ စနစ်တကျ ဖွင့်လှစ်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ (၁၅)ရက် နံနက်ပိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့ စစ်ကောင်စီ အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ ဝါဘို‌ကျေးရွာကို စစ်ကောင်စီတပ်က ယမန်နေ့ ဇန်နဝါရီ ၁၆ရက်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ကျောင်းဆရာတစ်ဦးအပါအဝင် ရွာသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

You may have missed