Categories

January 2025
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
January 13, 2026

သပွတ်အူကျားဖြန့် နှင့် စစ်ကောင်စီကိုအမြစ်ဖြုတ်ရေး

ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ ကရင့်လက်နက်ကိုင်အဖွဲ့အစည်းပေါင်းစုံနှင့်ထိုင်းနိုင်ငံ အာဏာပိုင်တွေလည်းပါဝင်ပက်သက်နေတဲ့ ဆက်သွယ်ရေးအခြေပြု ကျားဖြန့်အလိမ်ဂိုဏ်း ပြဿနာဟာ အခုတခါမှာ ဘယ်လိုနည်းနဲ့ အဆုံးသတ်မလဲဆိုတာ စိတ်ဝင်စားစရာ ဖြစ်လာပါတယ်။သတင်းမီဒီယာတွေကလည်း အဲ့ဒီနယ်မြေတွင်းကို လွတ်လပ်စွာသတင်းယူခွင့် မရှိတာကြောင့် အလုံးစုံကို ပွင့်လင်းမြင်သာအောင် သတင်းထုတ်ဖော် တင်ဆက်ခွင့် ဘယ်တော့မှ ရမှာလည်းမဟုတ်ပါဘူး။ ဒီလိုနဲ့ ပြဿနာတွေဟာ အားလုံးက အားလုံးက အလေးထား ဆက်ဆံရတဲ့ တရုတ်နိုင်ငံရဲ့ အရေးကြီးစီမံကိန်း ဇင်ယော် ဆိုပြီး နှိမ်နင်းဖို့အသံတွေ ထွက်ခဲ့ပါပြီ။ အကျိုးအမြတ်အသီးသီးရယူပြီး အားလုံးပိတ်မိနေတဲ့ ဒီဇာတ်လမ်းမှာ အရင်ဦးဆုံး ဖောက်ထွက်ဖို့ကြိုးစားလာတာက ထိုင်းနိုင်ငံလို့ ဆိုရမှာပါ။ ရွှေကုက္ကိုလ် ဒေါင်မေဖတ် ကေကေဖတ် စတဲ့ရာဇဝတ်အခြေချရာ နယ်မြေများနဲ့ ထိစပ်နေတဲ့ ဒေသဟာ ထိုင်းနိုင်ငံရဲ့ မဲဆောက်၊ဖုတ်ဖရ၊မဲ့လမ စတဲ့ နယ်စပ်မြို့တွေဖြစ်ပြီး အဲ့ဒီ တာ့ခ်ရိုင်အတွင်း ရဲမှူးကြီး ၃ ဦးလုံး အရေးယူခံထားရပြီဆိုတဲ့အကြောင်း သတင်းတွေက ထိုင်းတုန်လှုပ်မှု သက်သေလို့ ပြောနိုင်မှာ ဖြစ်ပါတယ်။ ရှမ်းမြောက်မှာအောင်မြင်ခဲ့တဲ့ တရုတ်နှိမ်နင်းမှုနောက်ပိုင်း ခုဆိုရင်လည်း စစ်ကောင်စီနဲ့ ပက်သက်တဲ့အုပ်စုတွေသာမက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များပါ ထိုးကျွေးခံရနိုင်ကြောင့် သုံးသပ်မှုတွေလည်း ရှိလာပါတယ်။

ဒီအရှုပ်အယှက်တွေအထဲမှာ မြန်မာ့သမိုင်းရဲ့ သက်တမ်းအရင့်ဆုံး တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံးလည်း ပါလာနိုင်သလား ထင်ကြေးတွေအမျိုးမျိုးအောက်မှာတော့ ကေအန်ယူပြောခွင့်ရသူ ဖဒိုစောတောနီးကတော့ သူက ဒီကိစ္စကို ခုလို သတင်းမ ဟော့ပ် ခင် ၂၀၂၄ နှစ်ဆန်းပိုင်းကတည်းက သတိပေးထားခဲ့ပြီဖြစ်ကာ အတူတူနှိမ်နင်းကြဖို့ ပြောတာကို ဘယ်အဖွဲ့အစည်းဘယ်နိုင်ငံကမှ လာရောက်ပူးပေါင်းလက်တွဲဖြေရှင်းတာမရှိဘူးလို့ ထောက်ပြပါတယ်။ ဒီကိစ္စတွေက ကြာခဲ့ပါပြီ ကျနော်ကိုယ်တိုင် ဒီကိစ္စတွေကို ၂၀၂၄ နှစ်ဆန်းကတည်းက ကျနော် ကိုယ်တိုင် ရှေ့ထွက်ပြီးတော့ ချပြလာခဲ့ဖူးတယ် ကျနော်တို့နဲ့လက်တွဲပါ၊ အထူးသဖြင့် ထိုင်းနှင့်တရုတ်ပေါ့ဗျာ ၊ တနည်းမဟုတ် တနည်းနဲ့ ပါဝင်ပက်သက်နေတာရှိတဲ့ခါကျတော့ ကျနော်တို့ ကနေပြီးတော့လည်း ဒီလို ( ကျနော်တို့အင်အားနဲ့ ဖြေရှင်းဖို့ မလုံလောက်ဘူး ဒါကြောင့်လည်း ၂၀၂၄ ခုနှစ် နှစ်ဆန်းကတည်းက ကျနော်တို့ ဖိတ်ခေါ်ခဲ့တာပဲ၊ ဘယ်ဘက်ကမှ လာပြီးဆက်သွယ်ဆောင်ရွက်တာမရှိဘူး။ အခုတော့ ဒီလိုရာဇဝတ်ဂိုဏ်းတွေနဲ့ပက်သက်မှုမှာ ကရင်ချင်းတူတူဖြစ်တာကြောင့် ပုံမှားအထင်အမြင်မှားခံရတာ အကြိမ်မနည်းတော့ဘူးလို့ ဆိုသွားပါတယ်။ ဘယ်အဖွဲ့အစည်းကမှ ခြောက်ပစ်ကင်းသဲလဲစင်မရှိပါဘူး။ လက်ရှိမှာ ကျနော်တို့ ကေအန်ယူကတော့ စစ်အာဏာရှင်ပြုတ်ကျရေးကိုပဲ အဓိကထား စဉ်းစားနေပါတယ်လို့ ရောရောထွေးထွေး ဖြေခဲ့ပါတယ်။ မနေ့က ဇန်နဝါရိ ၂၉ မှာတော့ ကျားဖြန့် ဂိုဏ်းတွေအပါအဝင် ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် ဒုစရိုက် လှုပ်ရှားမှုတွေကို ဖြိုခွင်းဖို့ဆိုပြီး တရုတ် လုံခြုံရေး အရာရှိတွေဟာ ထိုင်းနိုင်ငံဖက်ခြမ်းနယ်စပ်ကိုသွားရောက်စစ်ဆေး လေ့လာခဲ့တာ သတင်းကြီးခဲ့ပါတယ်။

ဒီအဖွဲ့ကိုဦးဆောင်သူဟာ ပြည်သူ့လုံခြုံရေး ဒုတိယ ဝန်ကြီး လျူကျန်ကျိဆိုသူ ဖြစ်ပါတယ်။ တရုတ် ကိုယ်စားလှယ်အဖွဲ့ရဲ့ ခရီးစဉ်ဟာ မြဝတီမှာ လူမှောင်ခိုကူးပြီး ဖမ်းဆီး ခံထားရတယ်လို့ ယုံကြည်ရတဲ့ တရုတ်နိုင်ငံသား ၁၆၀ လောက် လွတ်မြောက်ရေး အတွက်လည်း ရည်ရွယ်ကြောင်း ဆိုပါတယ်။ တရုတ်သရုပ်ဆောင်ဝမ်စင်းအမှုပြီးနောက်ပိုင်း တရုတ်ဟာ လူကုန်ကူးဂိုဏ်းတွေနဲ့ ဆက်စပ်သူ ၂၀ လောက်ကို ဖော်ထုတ် ဖမ်းဆီးထားပြီလည်း ဖြစ်ပါတယ်။တရုတ်လုံခြုံရေးအဖွဲ့တွေ မဲဆောက်ကို လာနေစဉ်မှာပဲ မဲဆောက်၊ဖုတ်ဖရ၊မဲလမတ် စတဲ့နယ်မြေများက ရဲအကြီးအကဲတွေ အရေးယူခံလိုက်ရပါပြီ။ ဒါကတော့ တရုတ်နစ်နာနေတဲ့ ရာဇဝတ်မှုတွေကို နှိမ်နင်းဖို့ ပျက်ကွက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ပါ။

တရုတ်လုံခြုံရေးအဖွဲ့တွေ လှည့်ပတ်ကြည့်ရှုခဲ့တာကတော့ မေဖာဧရိယာထဲကဝမ်ခွေကျေးရွာတဝိုက် နှင့် မဲ့စောပ်အနီးက မဲ့ကု ဖြစ်ပါတယ်။ ကျားဖြန့်ခေါ်ခေါ် ဆက်သွယ်ရေးအခြေပြု လိမ်လည်မှုခေါ်ခေါ် ထိုင်းလို ကောစင်တေးပဲခေါ်ခေါ် သူတို့လှမ်းကြည့်ခဲ့တဲ့ နေရာက နာမည်ကျော် ဒုစရိုက်လုပ်ငန်းတွေ အခြေစိုက်ရာ kk park ကြီးကို ထင်းကနဲ မြင်နေရပါတယ်။ ကျားဖြန့်နယ်မြေလို့ မြန်မာအများစုသိကြတဲ့နယ်မြေများအနက် ရွှေကုက္ကိုလ်က ထင်ရှားပြီး ကေအန်ယူရဲ့ တပ်မဟာ ၆ နယ်မြေမှာရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်တခုက ရေးသားထားပြီး ဒီအရှုပ်အထုတ်ဇာတ်လမ်းတွေရဲ့ အဓိကတရားခံကတော့ စစ်ကောင်စီပဲ လို့ ဖော်ပြထားပြန်ပါတယ်။ ကေအန်ယူကနေ ဒီကေဘီအေဆိုပြီး ခွဲထုတ်လိုက်နိုင်တာဟာ အာဏာရှင်စစ်တပ်ရဲ့ သွေးခွဲစွမ်းရည်ဖြစ်ပြီး စွမ်းရည်က ဒီ့ထက်မကပါဘူး နောက်တခါ ဘီဂျီအက်ဖ်ဆိုပြီး စောချစ်သူတို့ရဲ့ နယ်ခြားစောင့်တပ်ကိုပါ ခွဲထုတ်လိုက်နိုင်ပြန်ပါတယ်။

ရန်သူက လည်လွန်းတာလား ကရင်လက်နက်ကိုင်တပ်တွေက အလည်ခံလွန်းတာလား အဖြေမသိပေမယ့် BGF ခေါင်းဆောင်တွေဖြစ်လာတဲ့ ဗိုလ်ချစ်သူ ဗိုလ်မုတ်သုန်နှင့် ဗိုလ်တင်ဝင်တို့အား စစ်တပ်က စီးပွါးရေးလုပ်ငန်းများလုပ်ပိုင်ခွင့်ပေးခဲ့ပါတော့တယ်။ ဗမာစစ်တပ်လက်အောက်ခံဖြစ်သွားတဲ့ ဘီဂျီအက်ဖ်မှ ဗိုလ်ချစ်သူကို အာဏာရှင်စစ်တပ်မှဗိုလ်ချုပ်မောင်မောင်အုန်း တရုတ်ပြည်သို့လေ့လာရေးခရီးစဉ်ဟုဆိုကာ တရုတ်မြန်မာနယ်စပ်က ကာစီနိုလုပ်ငန်းများနဲ့ ချိတ်ဆက်ပေးလိုက်ပါတယ်။ ကျောင်းပညာအဆင့်မြင့်မြင့်မရှိသလို KNLA မှာ တပွင့်အဆင့်ရှိ ကွန်မန်ဒိုဗိုလ်တဦးသာဖြစ်တဲ့ ဗိုလ်ချစ်သူဟာ အဲ့ဒီလိုဗိုလ်ချုပ်မောင်မောင်အုန်းရဲ့ ချိတ်ဆက်ပေးမှုနဲ့ ပြည်ပအဆက်အသွယ်များရပြီးခုတော့ လူတကာက မော်ကြည့်ရတဲ့ အင်အားကြီး ဘီဂျီအက်တပ်ရဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီးအထိ ဖြစ်လာပါတယ်။ ဒါပေမယ့်လည်း ခုထိ သူ့တပ်ဟာ ကရင်အမျိုးသားတပ်လို့ နာမည်ပြောင်းထားပေမယ့် အများစုက လက်မခံဘဲ ဘီဂျီအက်ဖ်လို့သာ ယူဆသုံးစွဲနေတုန်း ရှိပါတယ်။ ပြည်သူတွေနာမယ်ဆိုတဲ့ အကြောင်းပြချက်ကို ကိုင်စွဲပြီး ဘီဂျီအက်ဖ်ဟာ စစ်ကောင်စီကို ပေါ်ပေါ်တင်တင် မတိုက်ပေမယ့် တဖက်မှာလည်း လူသူအင်အားကို ငွေကြေးသုံးစွဲစုဆောင်းလို့နေပါတယ်။ ဒီလိုနဲ့ ကြီးမားကျယ်ပြန့်လာတဲ့ ကာစီနိုအပါအဝင် မကောင်းမှုလုပ်ငန်းတွေဟာ စစ်တပ်က ထပ်ပြီး အာဏာသိမ်းချိန်မှာတော့ အခုကဲ့သို့ တရုတ်အစိုးရဝင်ပါရသည်ထိ ကျားဖြန့်တွေ လက်တံရှည် ခြေလှမ်းကျယ် အစားကြီးသွားရတာပါ။

အဲ့ဒီအကျိုးအမြတ်တွေဟာ ဘီဂျီအက်ဖ် တခုတည်းရနေတာ မဟုတ်ဘဲ အနီးဆုံးဖြစ်တဲ့ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ကိုလည်း ရန်ပုံငွေအဖြစ် ပေးနေရတာဖြစ်ပြီး တိုင်းမှူး ကစထမှူးမှ တပ်ချုပ်အထိ ပေးဆောင်ရတယ်လို့ တော်လှန်ရေးသတင်းစာမျက်နှာတခုက ရေးပါတယ်။ ဒါကြောင့်လည်း စစ်ကောင်စီဟာ ဗုံးကြဲလူသတ်မှုကို ဘုရားစေတီမရှောင် ဘုန်ကြီး ကျောင်းစာသင်ကျောင်းနှင့်ဆေး ရုံပါမရှောင်ပေမယ့် ရွှေကုက္ကိုလ်အစရှိတဲ့ နယ်မြေတွေကိုတော့ ရှောင်ပါတယ်လို့ ဆိုထားပါတယ်။ နွေဦးတော်လှန်ရေးမှာ သိသိသာသာ တရုတ်ကို ပူဇော်နေရတဲ့ စစ်ကောင်စီကတော့ ကျားဖြန့်အသံကြောင့် နဂါးကြီးနိုးလာချိန်မှတော့ အနီးဆုံးထိုင်းနိုင်ငံကြောင့်ဖြစ်တယ်လို့ လက်ညှိုးထိုးလိုက်ပါတယ်။ ထိုင်းနိုင်ငံကလည်း တရုတ်နိုင်ငံသားတွေရဲ့ ခရီးသွားလည်ပတ်မှုကြောင့် ဝင်ငွေကောင်းနေတာဖြစ်လို့ ခုတော့ ရှုပ်ကုန်ပါပြီ။ ရဲမှူးကြီးတွေလည်း ပြုတ်ကုန်ပါပြီ။

မြဝတီမှာမှောင်နေပေမယ့် ကျားဖြန့်ဒေသတွေ လင်းထိန်နေတာကြည့်ပါလား ထိုင်းကလျှပ်စစ်မီးပေးထားလို့ပေါ့ဆိုပြီး လျှပ်စစ်ဝန်ကြီးဌာနလည်း ပျားတုပ်နေပြီလို့ အရပ်စကားနဲ့ဆိုရမလိုပါပဲ။ ၂၀၂၄ ခုနှစ်က မီးတခါဖြတ်ဖူးသေးတယ်။ ခုတော့ ဒုံရင်းအတိုင်းပဲ ပြန်လင်းနေတာ အမြတ်အကြီးကြီးရထားလို့ပေါ့ဆိုပြီး ထိုင်းနိုင်ငံရဲ့ အတိုက်အခံပါတီကြီးကလည်း မျက်ခြေမပြတ် ဝေဖန်နေပါပြီ။ ထိုင်းနိုင်ငံအာဏာပိုင်တွေ ရှုပ်ထွေးနေချိန်မှာ အဲ့ဒီနယ်မြေက ကရင်လက်နက်ကိုင်အဖွဲ့တွေကတော့ သတ္တိရှိရှိဖြေရှင်းဖို့အချိန်ရောက်ပါပြီ။ ကရင့်တော်လှန်ရေးရဲ့ ဂုဏ်သိက္ခာလည်း ထိပါးခံနေရပါပြီ။ ခုချိန်ထိတော့ အာဏာသိမ်းစစ်ကောင်စီ BGF DKBA နှင့် KNU တို့ဟာ ဒီပြဿနာကြီးကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာ ရှင်းရှင်းလင်းလင်း ဘာမှမသိရသေးပါဘူး။ ကေအန်ယူနှင့် အန်ယူဂျီတို့ပူးပေါင်းပြီး ထုတ်ပြန်တဲ့ကြေငြာချက်ထဲမှတော့ အနိမ့်ဆုံးလုပ်လို့ရတဲ့ သတင်းအချက်အလက်ဖလှယ်ရေးနဲ့စတင်ပြီး တရုတ်ထိုင်းတို့နဲ့ ပူးပေါင်းဆောင်ရွက်မယ် ဆိုထားပေမယ့် တရုတ်ကိုယ်တိုင်ကလည်း တော်လှန်ရေးမျက်နှာထက် နေပြည်တော်မျက်နှာကိုပဲ ကြည့်နေကြောင်းလည်း အန်ယူဂျီနိုင်ငံခြားရေးဝန်ကြီးက ဝန်ခံထားပြန်ပါတယ်။

ဒီအခြေအနေမှာပဲ ကျားဖြန့်နယ်မြေကိစ္စအတွက် မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု့ (ISP-Myanmar) က ကျားဖြန့်နှိမ်နင်းရေးဆိုသော ကြံ့ကြီးတကောင် ကရင်ပြည်နယ်နှင့် အရှေ့တောင်ပိုင်းတခွင်ကို တည့်တည့်ကြီး ပြေးလာနေကြောင်း ရေးသားထားတာတွေ့ရပါတယ်။ နိုင်ငံတကာမှာ Michele Wucker ရေးတဲ့ Grey Rhino ဆိုတဲ့ စာအုပ်ရှိတယ်။ ဆိုလိုတာက မီးခိုးရောင် ကြံ့ကြီးက မြင်နေရပြီ၊ လာခွေ့တော့မယ်” လို့ ISP-Myanmar မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ရှမ်းမြောက်ဒေသကိုနှိမ်နင်းစဉ်မြင်ခဲ့ရသလို တရုတ်တပ်များ ဝင်ရောက်ချုပ်ကိုင်မှုမျိုး ဖြစ်မလာနိုင်ဘူး ဒါမျိုးကို ထိုင်းနိုင်ငံမှာ လုပ်နိုင်မှာမဟုတ်ဘဲ ပုလင်းတူဗူးစို့များ ဖြစ်နေကြသဖြင့် ထွက်ပြေးတိမ်းရှောင်မှု များပြားလာလိမ့်မည်ဖြစ်ကြောင်း မြန်မာ့အရေးလေ့လာသူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။

တော်လှန်အသံပရိသတ်များခင်ဗျား “လျူဦးဆောင်တဲ့ တရုတ်ကိုယ်စားလှယ် အဖွဲ့ဟာ ငွေလိမ်ဂိုဏ်းတွေနဲ့ ပတ်သက်လို့ ဒေသခံ ထိုင်းအရာရှိတွေရဲ့ တင်ပြ ဆွေးနွေးမှုတွေကို နားထောင်ပြီးသွားပါပြီ။ သူတို့လူအချင်းချင်း အာဏာပိုင်ရဲမှူးတွေကိုလည်း အရေးယူပြလိုက်ပါပြီ။ တရုတ်က ဒီလောက်နဲ့ ကျေနပ်စရာမရှိပါဘူး။ ကျားဖြန့်သပွတ်အူလိုက်နေတဲ့ ထိုင်း – မြန်မာစစ်တပ် – ဘီဂျီအက်ဖ် – ဒီကေဘီအေ – ပီစီ – ကေအန်ယူ အရှုပ်အထုတ်ကြီးဟာ နဂိုကမှ ရှုပ်နေတဲ့ စစ်ကောင်စီကိုတော်လှန်ရေးနဲ့ အချိန်လာတိုက်တဲ့အခါ တော်လှန်အနုပညာရှင်လင်းလင်းရဲ့ သီချင်းစာသားလို “စိုးထိတ်မှုတို့လွှမ်းတဲ့ အမှောင်ညများဆုံးရင် ကြောက်ရွံ့မှုတို့လွှမ်းတဲ့ အမှောင်ညများဆုံးရင် တခုခုတော့ရှိနေမယ်” လို့ မရဲတရဲ မျှော်လင့်ရင်းနဲ့ ကျားဖြန့်ထဲပိတ်မိနေတဲ့ နိုင်ငံသားအသီးသီးလည်း အမြန်ဆုံး လွတ်မြောက်ကြပါစေ။

You may have missed