မကွေးတိုင်း၊ ရေစကြိုမြို့ရှိ ရုံးပေါင်စုံ (ထွေအုပ်ရုံး)မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ပြောက်ကျားတိုက်ခိုက်လို့ စစ်ကောင်စီတပ်သား ၂ဦးနဲ့ မိသားစုဝင် ၁ဦးသေဆုံးကြောင်း တို့ Myingyan Black Tiger (MBT)တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ဇန်နဝါရီလ ၃၀ရက်နေ့ မနက် ၅နာရီလောက်မှာ ရေစကြို ထွေအုပ်ရုံးကို Myingyan Black Tiger (MBT)တပ်ဖွဲ့က ပြောက်ကြားနည်းဗျူဟာသုံးပြီး သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား (၂)ဦးနဲ့ စစ်သားဇနီးတစ်ဦး စုစုပေါင်း (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။Myingyan Black Tiger (MBT) တပ်ဖွဲ့အနေနဲ့ အခုလို မြို့ပြစစ်ဆင်ရေးတွေ ထပ်မံကြိုးစားလုပ်ဆောင်သွားမှာဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်စခန်းတွေ၊ လက်အောက်ခံ လက်နက်ကိုင် ဝန်ထမ်းတွေရှိတဲ့ နေရာတွေမှာ အနားယူခြင်းနဲ့ နီးကပ်စွာ သွားလာခြင်းမပြုကြဖို့ မေတ္တာရပ်ခံထားပါတယ်။

More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ