Categories

January 2025
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
November 7, 2025

တိုင်းရင်းသားနယ်မြေတွေမှာ စစ်ရေးလေ့ကျင့်ထားပြီး ဧရာဝတီကို ထိုးဖောက်နေပြီလို့ AYA PDF အမှတ် (၂၉) ဗျူဟာက ပြောပါတယ်။

AYA PDF အမှတ် (၂၉) ဗျူဟာအနေနဲ့ သင်သားသားသစ်တွေကို ခေါ်ယူနေပြီး အမျိုးသားညီညွတ်ရေးအစိုးရ ၊ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းတိုင်းစစ်ဒေသရဲ့ လက်အောက်ခံတပ်ဖြစ်တဲ့အတွက် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အမိန့်၊ ညွှန်ကြားချက်တွေကို တိကျစွာလိုက်နာ ဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။အမျိုးသမီး (စစ်မေ) တွေကို အထူးအလေးထားဖိတ်ခေါ်ထားပြီး အခြေခံစစ်ပညာသင်တန်းပြီးဆုံးပါက ချေမှုန်းရေးအပြင် ဆေးဌာန၊ ဆက်သွယ်ရေး၊ စက်ချုပ်ဌာနနဲ့ ရုံးလုပ်ငန်းတွေမှာ တာဝန်ထမ်းဆောင်ရမယ်လို့ ဆိုပါတယ်။ဗျူဟာအနေနဲ့ တပ်ဖွဲ့ဝင်တွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ နေထိုင်မှု၊ လေ့ကျင့်မှုနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေတပ်ဆင်မှုစတဲ့ တပ်ဖွဲ့ဝင်တို့ရသင့်တဲ့ အခွင့်အရေးတွေကို တာဝန်ယူဆောင်ရွက်ပေးမယ်လို့ သိရပါတယ်။လက်ရှိမှာ အာရက္ခတပ်တော်က ဧရာဝတီတိုင်းအတွင်း ပွိုင့် ၂၆၉နဲ့ ၃၆၉စခန်းတွေကို သိမ်းပိုက်ထားပြီလို့ ဇန်နဝါရီ ၂၇ရက်က ထုတ်ပြန်ထားပါတယ်။ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်မှာလည်း ဇန်နဝါရီ ၂၈ရက်ကစလို့ တိုက်ပွဲတွေပြင်းထန်နေပြီး ရွှေသောင်ယံမြို့နယ်က မကျီးဇင်နဲ့ ဘောမိရွာတွေကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထားတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။

You may have missed