Categories

January 2025
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
July 7, 2025

ရှမ်းပြည်တောင်ပိုင်း စစ်ရေးတင်းမာမှု

ရှမ်းတောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်း တိုက်ပွဲတခုမှာ ဖမ်းမိတဲ့ စစ်သုံ့ပန်းတွေကို စစ်ကောင်စီနဲ့ပူးပေါင်းနေတဲ့ PNOပြည်သူ့စစ်အဖွဲ့က သတ်ဖြတ်လိုက်ကြောင်း သိရပါတယ်။ ဆီဆိုင်မြို့ တိုက်ပွဲမှာ ဖမ်းဆီးခံလိုက်ရတဲ့ စစ်သုံ့ပန်းများဟာ တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA မှ ဖြစ်ကြောင်း ဒီနေ့ PNLA ထုတ်ပြန်သွားပါတယ်။တိုက်ပွဲက ဇန်နဝါရီလ ၁၂ ရက်နေ့က ဖြစ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီနှင့် PNO ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းနှင့် တော်လှန်တပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီဘက်က စစ်ကြောင်းမှူးအပါအဝင် ၂၀ဦးထက် မနည်းကျဆုံးခဲ့ပြီး PNLAဘက်ကလည်း တစ်ဦး ကျဆုံးကြောင်း၊ PNLA ငါးဦး အဖမ်းခံလိုက်ရကြောင်း ထုတ်ပြန်ထားပါတယ်။ဇန်နဝါရီ ၁၃ရက် နံနက် ၈နာရီခန့်တွင် ဖမ်းဆီးခံရသည့် PNLA ရဲဘော် ၅ဦးကို မသတ်ဖြတ်မီက အသက်ရှင်လျက်ရှိကြောင်း ဓာတ်ပုံမှတ်တမ်းကို ရန်သူဘက်က ထုတ်ပြန်ခဲ့ပါသေးတယ်။ အဲ့ဒီနောက်မှာတော့ ဇန်နဝါရီ ၁၃ ရက်ညတွင်မူ ဖမ်းဆီးခံရသည့် PNLAရဲဘော် ၅ဦးကို သတ်ဖြတ်ထားသည့်ပုံကို PNO ပြည်သူ့စစ်က ထပ်မံထုတ်ပြန်ခဲ့ပါတယ်။

” ဒီလိုမျိုးဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းကို သတ်ဖြတ် တယ်။ နှိပ်စက်တယ်ဆိုတာက စစ်ရဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေတွေနဲ့လည်း မကိုက်ညီဘူး” လို့ PNLAပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောပါတယ်။ စစ်သုံ့ပန်းဥပဒေကို လိုက်နာရမှာဖြစ်သလို ပအိုဝ်းအမျိုးသားချင်းဖြစ်သည့်အတွက် အခုလုပ်ရပ်ဟာ အောက်တန်းကျယုတ်မာတဲ့လုပ်ရပ်ဖြစ်ကြောင်း သူက ဆိုပါတယ်။ စစ်ကောင်စီကိုတော်လှန်တိုက်ပွဲအတွင်း မိမိတို့ဖမ်းမိတဲ့ စစ်သုံ့ပန်းတွေအများကြီးရှိရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်ရော၊ PNO ပြည်သူ့စစ်ရော စစ်သုံ့ပန်းဥပဒေနဲ့အညီထားရှိကြောင်း နှိပ်စက်သတ်ဖြတ်ခြင်းမပြုခဲ့ကြောင်း ခွန်ရိန်းယံက ပြောပါတယ်။ပအို့ဝ်းလူမျိုးချင်းချင်း တိုက်ခိုက်သတ်ဖြတ်ခြင်းမပြုလိုကြောင်းနဲ့ စစ်အာဏာရှင်စနစ်ကသာ တတိုင်းပြည်လုံးရဲ့ ရန်သူဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ PNO အဖွဲ့ကို PNLA က အမြဲတစေ တိုက်တွန်းသတိပေးလျက်ရှိပါတယ်။ PNO သည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့်ပူးပေါင်းကာ ၎င်းတို့လှုပ်ရှားနယ်မြေများတွင် ပျူစောထီးများအား စစ်သင်တန်းပေးခြင်း၊ စစ်သားစုဆောင်းခြင်းများ ဆောင်ရွက်လျက်ရှိနေပါတယ်။PNO တပ်ဖွဲ့အနေဖြင့် ဆီဆိုင်မြို့တွင် တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် ပတ်သက်သည်ဟုစွပ်စွဲကာ လူငယ်များအား ဖမ်းဆီးသတ်ဖြတ်ခြင်းများလည်းပြုလုပ်လျက်ရှိပါတယ်။ ဒေသတွင်း ပရဟိတတက်ကြွလုပ်ရှားသူ နောင်ရင်းရွာသူကြီး ခွန်ဇာခွန်နှင့်အစ်ကိုဖြစ်သူအား သံသယရှိယုံဖြင့် ညင်းပန်းနှိပ်စက် သတ်ဖြတ်ခြင်းများလည်း ပြုခဲ့ဖူးပါတယ်။

PNO နဲ့ ပက်သက်တဲ့ စစ်ရေးသတင်းတခုမှာတော့ စစ်ဦးစီးချုပ် ဥက္ကဌခွန်မြင့်အောင်ဆိုသူက ၄င်းတို့နယ်မြေမှာတပ်စွဲထားတဲ့ UWSA.SSPP တပ်တွေအနေနဲ့ အမြန်ဆုံးထွက်ပေးကြဖို့သတိပေးထားပြီး အကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်ကို နိုင်ငံတော်ဝန်ကြီးချုပ်ဟုခေါ်ဆိုကာ ဒီကိစ္စအပေါ် ညှိနှိုင်းပေးဖို့ကိုလည်း တောင်းဆိုထားတာ တွေ့ရပါတယ်။နိုင်ငံတော် နစက နှင့် ကျွန်ုပ်တို့ PNO အဖွဲ့ဟာ တိုက်ခိုက်ရေးပူးပေါင်းလာခဲ့တာ ၃၅ နှစ်ကြာလာခဲ့ပြီဖြစ်ကြောင်း အစချီထားပြီး SSPP.UWSAနဲ့ တခြားပူပေါင်းအဖွဲ့တွေက မိမိတို့အထူးဒေသ၆ ထဲကို စည်းဝင်လာတာ မိမိတို့PNOအဖွဲ့အစည်း ကာကွယ်ပိုင်ခွင့် စစ်တပ်အနေနဲ့ အမိန့်စောင့်ဆိုင်းနေရတာကို မိမိတို့အထူးဒေသ၆ ကိုနစ်နာစေတဲ့အကြောင်း PNO စစ်ဦးစီးချုပ်က ရေးထားပါတယ်။ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ ပအိုဝ်းလူမျိုးတွေအပေါ် မေတ္တာအစစ်အမှန်ဟုတ်ပါသလားဆိုပြီး စစ်ကောင်စီလက်အောက်ခံ PNO စစ်ဦးစီးချုပ်က ထပ်ပြီးမေးခွန်းထုတ်လျက်ရှိပါတယ်။

ခု တောင်ကြီးမြို့နယ် ရပ်စောက်မြို့နယ် ဟိုပုန်းမြို့နယ်မှာ UWSA.နှစ် SSPP နဲ့တခြားစုပေါင်းတပ်တွေ စည်းဝင်လာတာ နယ်မြေတချို့တွေ မိမိတို့PNOအနေနဲ့ လက်လွတ်ခဲ့ရပြီဖြစ်တယ် ပအိုဝ်းအဖွဲ့စည်းသစ် PSA ကိုးကန်း ဝ ကနေပြန်လာပြီး အင်အား၄၀၀ လောက်နဲ့ SSPP နဲ့ UWSA ပူးပေါင်းပြီး စစ်ရေးလုပ်ရှားမှုတွေ မိမိတို့ ပိုင်နက်ကို ကျူးကျော်လာတာ မြင်တွေ့နေရတယ် မိမိတို့PNOအနေနဲ့ ခုခံပိုင်ခွင့်ကအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို တောင်းခံတာ သုံးကြိမ်မြောက်သွားပြီ လာမဲ့ ၂လပိုင်းတွင် SSPP.UWSAနဲ့ စုပေါင်းတပ်များ မိမိတို့ နယ်မြေသိုပြန်မလား မိမိတို့ PNO နဲ့ ဆင်နွဲမလားဆိုတာ အချိန်၄၆ရက်ပေးမည်ဖြစ်ကြောင်း ပြောကြားလိုပါတယ်လို့ မနေ့ကရက်စွဲနဲ့ PNO စာမျက်နှာဖြစ်တဲ့ Khun Pa Oh Kham အမည်ရှိ လူမှုကွန်ရက်ပေါ်မှာ ရေးသားထားပါတယ်။ဆက်လက်ပြီး ရေးသားထားရာမှာတော့ “ ဒီတခါတော့ နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ပဲဖြစ်ဖြစ် ရှမ်းပြည်နယ်တောင်ပိုင်း တိုင်းမှူးပဲဖြစ်ဖြစ် မငြိနိုင်းမတိုင်ပင်တော့ဘူး မိမိတို့ ဘာသာသုတ်သင်ရှင်းလင်းသွားမည်ဟု UWSA.SSPP ကို ဒီကနေသတိပေးစကား ပြောလိုက်တဲ့အကြောင်း ဖော်ပြထားတာ တွေ့ရပါတယ်။

You may have missed