Categories

January 2025
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
July 8, 2025

တောင်ပိုင်းစစ်ရေးသတင်းမှာတော့ ကော့ကရိတ်မြဝတီလမ်းကို စစ်ကောင်စီက ပြန်ရဖို့ကြိုးစားနေကြောင်းသိရ

ထိုင်းမြန်မာနှစ်နိုင်ငံရဲ့ အဓိက ကုန်သွယ်လမ်းကြောင်းဖြစ်တဲ့ မြဝတီ – ကော့ကရိတ်လမ်းပိုင်းကို ပြန်ဖွင့်နိုင်ဖို့ စစ်ကောင်စီက ကြိုးစားနေတယ်လို့ သိရပါတယ်။ မြဝတီမြို့အထွက် သင်္ကန်းညီနောင်မှာရှိတဲ့ တပ်စခန်းတွေအားလုံးကို KNLA နှင့် ပူးပေါင်းတပ်တွေက ရှင်းလင်းပစ်ခဲ့ကြပြီးနောက် အဓိကကျတဲ့ ကုန်သွယ်ရေးလမ်းကြောင်းဟာ ရပ်တန့်သွားခဲ့ပြီး တောလမ်းတောင်လမ်းကိုသာ ကုန်သည်များက အသုံးပြုသွားလာနေကြတာ ဖြစ်ပါတယ်။ အောင်ဇယျလို့ အမည်ပေးထားတဲ့ စစ်ဆင်ရေးကိုလည်း စစ်ကောင်စီဒုခေါင်းဆောင်ကိုယ်တိုင် ဦးဆောင်ပြီး ပြန်လည်စိုးမိုးဖို့ကြိုးစားပေမယ့် အမှည့်ခြွေခံထိပြီး တော်လှန်ပူးပေါင်းတပ်တွေရဲ့ ချေမှုန်းခံရခြင်းနှင့် လက်နက်ချ အညံ့ခံခြင်းများသာရှိခဲ့ပါတယ်။ ရှေ့မတိုးနိုင်ခဲ့ကြပါဘူး။ မြဝတီမြို့ကို တော်လှန်ရေးတပ်များ သိမ်းဖို့ကြိုးစားခဲ့ဖူးပေမယ့်လည်း ကရင်တပ်အချင်းချင်းကြား ရှုပ်ထွေးမှုတွေကြောင့် ပန်းတိုင်ကိုမရောက်ရှိဘဲ တော်လှန်ရေးမလုပ်တဲ့ ကရင်လက်နက်ကိုင်တပ်များရဲ့ ထိန်းချုပ်မှုအောက်မှာပဲ မြဝတီမြို့ကဆက်လက်တည်ရှိခဲ့တာပါ။ ခုတော့ “ထိုင်းကုန်သည်တွေနဲ့ ထိုင်းအာဏာပိုင်တွေက စစ်ကောင်စီကို အာရှလမ်း ကုန်ဆင်းနိုင်ဖို့ ဖိအား‌ ပေးနေတာ ရှိကြောင်း ဒေသတွင်းသတင်းတွေ ပေါ်ထွက်လာပါတယ်။ အခုဆိုရင် မော်လမြိုင်(ရတခ) အ ရှေ့တောင်တိုင်းစစ်ဌာနချုပ်က ဒုတိုင်းမှူး ဗိုလ်မှူးချုပ် ဇော်မင်းအောင်ကို ဦးဆောင်ကွပ်ကဲဖို့၊ စကခ ၁၂ ဌာနချုပ်နဲ့ကျုံဒိုး ခမရ-၅၄၅ တပ်ရင်းမှာ လုံခြုံရေးတိုးမြှင့်တာတွေ လုပ်နေတယ်။ အဲ့ဒီကနေသူ ရှေ့တန်းကိုကွပ်ကဲမယ့်သဘောရှိတယ် လို့ သတင်းရရှိပါတယ်။ ကော့ကရိတ်- မြဝတီ အာရှလမ်းသစ် ပြန်ဖွင့်နိုင်ရေးနှင့် သင်္ဃန်းညီနောင်ဗျူဟာတို့ကို ပြန်တိုက်ရန် မော် လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်-ရတခ၊ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် ဇော်မင်း အောင်သည် ကော့ကရိတ်မြို့နယ်အတွင်း ရုံးထိုင်ကွပ်ကဲနေတယ်လို့လည်း စစ်ကောင်စီရဲ့သတင်းရင်းမြစ်များထံမှ သိရပါတယ်။ သတင်းများအရဆိုရင် ဒေါနတောင်ကျော်အာရှလမ်းသစ်နှင့် လမ်းဟောင်းနေရာများကို စစ်ကောင်စီက ပြန်တိုက်သိမ်းယူဖို့ ဇန်နဝါရီ ၅ ရက်နေ့မှစ၍ လေကြောင်း လက်နက်ကြီး၊ ဒရုန်း၊ မြေပြင်စစ်ကြောင်းများဖြင့် အပြင်းအထန်ထိုးစစ်ဆင်နေကြောင်း ဆိုထားပါတယ်။အဆိုပါ အာရှလမ်းသစ် ပြန်ဖွင့်နိုင်ရေးအတွက် စစ်ကောင်စီက တစ်လအတွင်း အပြီး တိုက်ခိုက်သွားမည်ဟုလည်း မြဝတီမြို့ကုန်သည်လောက၌ သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ် လာနေပါတယ်။ “ သူတို့ အောင်ဇေယျစစ်ကြောင်းက တိုက်နေတာ ရှစ်လ၊ ကိုးလ ရှိနေပြီး။ လေယာဉ်နဲ့ ဒရုန်းတို့က ဗုံးကြဲပြီးတက်တက်၊ လက်နက်ကြီးပဲလက်ကုန်ပစ်ပစ်၊ မြေပြင်စစ်ကြောင်းက ညီနောင်နဲ့ ကုန်သွယ် ရေးဇုန်ရောက်မှ လမ်းကိုရမှာ။ အခုကတောနော်နားမှာတင် တက်မရသလို၊ လမ်းဟောင်း၊ အောက်ဘို တဲဘက်ကနေလည်းတက် မရဘူး ဖြစ်နေတာဆိုတော့ ရဖို့ မလွယ်လောက်ဘူး၊ အခုကုန်သည်တွေကို KNU က လမ်းဟောင်းနဲ့ ထို့ကော်ကိုးတို့က ပေးဆင်းနေလို့ကုန်စည်မပြတ်တာတော်သေးတယ်” လို့ မြဝတီမြို့ရှိ နယ်စပ်ကုန်သည်တစ်ဦးက ပြောပြပါတယ်။ ထိုသို့ စစ်ကောင်စီဘက်က အာရှလမ်းမသစ် ပြန်လည် စိုးမိုးနိုင်ရေး တိုက်ခိုက်နေသော်လည်း မြေပြင်မှာတော့ KNLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ များထံသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်အပ်နှံခိုလှုံမှုများ ဆက်တိုက် ဖြစ်ပေါ်လျက်ရှိနေပါတယ်။ အာရှလမ်းသစ်နှင့် လမ်းဟောင်းနေရာများကို တော်လှန်ရေးပူးပေါင်းတပ်များက တစ်နှစ်ဝန်း ကျင်ကြာချိန်ထိ ထိန်းချုပ်ထားတာဖြစ်ပါတယ်။ စစ်ကောင်စီ သင်္ဃန်းညီနောင် ဗျူဟာကိုလည်း ပြီးခဲ့သည့်၂၀၂၄ ခုနှစ်၊ ဧပြီလကတည်းက တော်လှန်ရေးတပ်များက သိမ်းယူထားနိုင်ခြင်း ဖြစ်ပါတယ်။ ဒီချိန်မှာပဲ မနေ့က အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ မွန်၊ တနင်္သာရီနဲ့ ကရင်ပြည်နယ်တွေမှာရှိတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ အထိုင်ချစခန်း လေးခုကို တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း သိမ်းပိုက်ရရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ အဆိုပါ စစ်တပ်စခန်း လေးခုကတော့ မွန်ပြည်နယ်၊ ရေးမြို့မြောက်ပိုင်း၊ ကွမ်ကျိုက်ကျေးရွာမှာ တပ်စွဲထားတဲ့ တပ်စခန်း၊ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ ရေကန်တောင် မိုက်ကရိုဝေး တာဝါတိုင်တပ်စခန်း၊ ဖာပွန်မြို့နယ်က ဆင်စွယ်စခန်းနဲ့ တောင်သုံးလုံးစခန်းတို့ ဖြစ်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။ ဒီဇင်ဘာတစ်လတာအတွင်း အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကြား အပြန်အလှန် ထိတွေ့တိုက်ပွဲပေါင်း ၆၂ ကြိမ်ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က စစ်တပ်စခန်းနဲ့ စစ်ကြောင်းတွေကို ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှု ၈၂ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ တစ်လတာအတွင်း အာဏာသိမ်းစစ်တပ်ဘက်က ၁၅၁ ဦး သေဆုံး၊ ၈၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စခန်းသိမ်းတိုက်ပွဲနဲ့ အခြားတိုက်ပွဲတွေကနေ ၁၂၀ မမ ၊ ၈၁ မမ ၊ ၆၀ မမ စိန်ပြောင်းတွေ အပါအဝင် လက်နက်ငယ်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲတွေကို ပြည်သူ့ကာကွယ်ရေး (PDF) တပ်ရင်းတပ်ဖွဲ့တွေ၊ ပကဖတွေ၊ ဒေသကာကွယ်ရေးတပ် (LDF) တွေ၊ ကရင်တပ်မတော် (KNLA)၊ ဗမာတပ်မတော် (BPLA)၊ ကျောင်းသားတပ်မတော် (ABSDF)၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ မွန်ပြည်သစ် အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD)၊ ထားဝယ်တပ်မတော် (TPLF)နဲ့အတူ အခြား တော်လှန်ရေးပူးပေါင်းတပ်တွေ၊ ဒရုန်းပူးပေါင်းတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်လတာအတွင်း အာဏာသိမ်းစစ်တပ် တပ်သား ငါးဦး ပြည်သူ့ရင်ခွင်ခိုလှုံလာတာကြောင့် ကောင်းမွန်စွာကြိုဆိုပြီး ဘေးကင်းလုံခြုံတဲ့နေရာမှာ စောင့်ရှောက်ထားကြောင်း သိရပါသည်။

You may have missed