မံစီမြို့ကို တော်လှန်ရေးတပ်များသိမ်းပိုက်ရာမှာ စစ်ကောင်စီတပ်သားအများအပြားထွက်ပြေးသွားခဲ့ပြီး KIA / KPDF ပူးပေါင်းတပ်များလိုက်လံ ရှင်းလင်းနေခဲ့ပါတယ်။ထွက်ပြေးသွားတဲ့ အင်အား ၃၀၀ ကျော်ရှိပြီး လိုက်လံချေမှုန်းရာမှာ အခုတော့ ဒုတိယသုတ်သတင်းတွေအရ ၄၀ ကျော်ကို ရှင်းလင်းနိုင်ခဲ့ကြောင်း သိရပါတယ်။ဇန်နဝါရီ ၈ ရက်နေ့က လိုက်လံရှင်းလင်းရာမှာ ရန်သူတပ်သား ၁၄၀ ခန့်ကို ဦးဆုံးရှင်းလင်းခဲ့ကြပြီဖြစ်ပါတယ်။ ထွက်ပြေးသွားတဲ့ စစ်ကောင်စီအင်အားအနက်က ခုဆို ၁၈၀ ဦးကျော်ထိ ရှင်းလင်းနိုင်ခဲ့ပြီဖြစ်ကြောင်း ကေအိုင်အေသတင်းရင်းမြစ်က ဆိုထားပါတယ်။ဇန်နဝါရီလ ၈ ရက်နေ့က မံစံမြို့နယ်ကို ထိန်းချုပ်မိသွားတဲ့နောက်မှာ စစ်ကောင်စီတပ်ရင်းတွေဖြစ်တဲ့ ခမရ ၃၁၉၊ ခမရ ၆၀၁ နှင့် အမြောက်တပ် ၃၅၂ တပ်ရင်းများမှ စစ်သား ၃၀၀ ကျော် ထွက်ပြေးသွားခဲ့ကြတာ ဖြစ်ပါတယ်။ထွက်ပြေးသွားသူတွေအနက်မှ ရန်သူအင်အား ၁၀၀ ကျော်ခန့်လည်း ဗန်းမော်ကိုဝင်ရောက်သွားနိုင်ခဲ့တယ်လို့ သိရပါတယ်။ ခုချိန်မှာတော့ ဗန်းမော်မြို့တခုလုံးကို သိမ်းနိုင်ဖို့ ကချင်ကေအိုင်အေနှင့် ပူးပေါင်းတပ်တွေဟာ အဓိကစခန်းတွေဖြစ်ကြတဲ့ စကခ ၂၁ နှင့် ခလရ ၄၇ တို့ကို ပိတ်ဆို့တိုက်ခိုက် ကြိုးစားနေကြဆဲ ဖြစ်ပါတယ်။
မံစီမြို့နယ်ကို ထိန်းချုပ်နိုင်ခဲ့တဲ့ တိုက်ပွဲများမှာ ကေအိုင်အေနှင့်အတူ ပါဝင်ခဲ့တဲ့ ကျောင်းသားတပ်မတော် အေဘီအက်စ် ဒီအက်ဖ်ကလည်း မံစီမြို့သိမ်းရုပ်သံမှတ်တမ်းကို ရိုက်ကူးထားတာ ထုတ်လွှင့်ခဲ့ပါတယ်။ ဗန်းမော်နှင့်မံစီကို သိမ်းဖို့ တပြိုင်နက်တိုက်ပွဲတွေကို ကေအိုင်အေနှင့် ပူးပေါင်းတပ်တွေက ဒီဇင်ဘာ ၄ ရက်နေ့ကစပြီး စစ်ရေးဖော်ဆောင်ခဲ့တာဖြစ်ပြီး မံစီပြီးနောက်၊ ဗန်းမော်ကို သိမ်းပိုက်နိုင်ကြောင်းသတင်းတွေကိုတော့ ပြည်သူတွေက စိတ်စောစောင့်မျှော်နေကြပြီလည်းဖြစ်ပါတယ်။မြစ်ကြီးနားတဖက်ကမ်း ဝိုင်းမော်မြို့ဘက်မှာတော့ ဝိုင်းမော်အဝင်အထွက်အပါအဝင် ကျေးရွာတချို့ကို အကြမ်းဖက်စစ်တပ်က လုံခြုံရေးတင်းကျပ်နေပါတယ်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းကစပြီး ဝိုင်းမော်မြို့အထွက် မုတ်လွှဲလမ်းဆုံအနီး အထိုင်ချထားတဲ့ဂိတ်မှာ မနက်ပိုင်း ၆ နာရီကနေ ၉ နာရီအထိ၊ ညနေပိုင်း ၃ နာရီကနေ ၅ နာရီဝန်းကျင်သာ ဖြတ်သန်းခွင့်ပြုတော့တာ ဖြစ်ပါတယ်။နောက်တခါ မြစ်ကြီးနားမြို့၊မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နမ့်ပေါင်လေတပ်စခန်းရဲ့ဧရာဝတီမြစ်တစ်ဖက်ကမ်း ကျေးရွာများဖြစ်တဲ့ မုတ်လွှဲ၊ ခတ်ချို၊ မခန္တီး၊ နောင်ဟီး၊ စန်းကားကျေးရွာအပါအဝင် ရွာပေါင်း ၅ ရွာအဝင်မှာလည်း စစ်ကောင်စီတပ်က ဘန်ကာအခိုင်အမာတည်ဆောက်ထားပြီး လုံခြုံရေးတင်းကြပ်မှုတွေ ရှိနေပါတယ်။ဝိုင်းမော်ဟာ တရုတ်နယ်စပ်ရှိရာ ဝိုင်းမော်– ချီဖွေ– ဆဒုံး– ကံပိုက်တည်ဘက်သွားတဲ့ လမ်းမကြီးအပြင် ဝိုင်းမော်– လိုင်ဇာ– ဗန်းမော်သွားလမ်းမကြီး တည်ရာဖြစ်လို့ အရေးပါလှပါတယ်။ လက်ရှိမှာလည်း ဝိုင်းမော်မြို့ ဧရိယာတဝိုက်ကလွဲရင် ကျန်တဲ့နေရာအများစုကိုတော့ ကေအိုင်အေနှင့်ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားနိုင်ပြီလည်း ဖြစ်ပါတယ်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ