ရခိုင်ပြည်နယ် အမ်းမြို့နယ်နဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ပြန်လည်ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတဲ့ လက်နက်ကြီး အမြောက်စခန်း တောင်စောက်တောင်ကို AA က သိမ်းပိုက်လိုက်ပြီလို့ ဒေသတွင်းသတင်းအရင်းမြစ်တွေထံက သိရပါတယ်။အမ်းမြို့နဲ့ မိုင် ၂၀အကွာက အမ်း- ရိုးမရှိ တရုတ် သဘာဝဓာတ်ငွေ့ ဂတ်စ်လိုင်း ဖြတ်သန်းရာ နေရာဖြစ်တဲ့ တောင်စောက် ရေနံနှင့် သဘာ၀ဓာတ်ငွေ့ ပိုက်လိုင်း တောင်စောက်တောင်အမြှောက်စခန်းနဲ့ အလုပ်ရုံခွဲကို အာရက္ခတပ်တော် က ဇန်နဝါရီ ၅ ရက်က သိမ်းပိုက်လိုက်ပြီးဖြစ်တယ်လို့ သိရပါတယ်။တောင်စောက်တောင် စခန်းဟာ တရုတ်ကုပ္မဏီဝန်ထမ်း တချို့နဲ့ မြန်မာနိုင်ငံသား အလုပ်သမားတချို့ရှိတဲ့ စစ်ကောင်စီရဲ့ လုပ်ငန်းခွင်နေရာဖြစ်ပြီး အဆိုပါ စက်ရုံရဲ့ ပြင်ဘက်မှာ အမြှောက်တပ် အထိုင်ချထားကာ နပခမကျခင်ထဲက လက်နက်ကြီးပစ်ကူနေတဲ့စခန်းဖြစ်ပြီး အာရက္ခတပ်တော်က သိမ်းပိုက်ပြီးနောက် နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေပြီလို့ သိရပါတယ်။
အမ်းကို AAသိမ်းပြီးနောက် စစ်ကောင်စီတပ်တွေဟာ အဲ့ဒီတရုတ် ဓာတ်ငွေ့ပိုက်လိုင်းကို အကာအကွယ်ယူပြီး အမ်းနဲ့ နပခကို နည်းနည်းစီချီတက်နေကာ AA က အမြောက်စခန်းကို သိမ်းယူလိုက်ပြီး ဓာတ်ငွေ့စက်ရုံကိုပါ ထိန်းချုပ်လိုက်ပြီလို့ သိရပါတယ်။လက်ရှိမှာတော့ အာရက္ခတပ်တော်က အမ်း-ပဒါန်းလမ်းပိုင်းပေါ်က နတ်ရေစင်လက်နက်ကြီးစခန်းကို ဆက်လက် ထိုးစစ်ဆင်နေပြီး မြေပြင်ထောက်ပို့လမ်းကြောင်းတွေကိုပါ ဖြတ်တောက်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။အဆိုပါစခန်းတွေကို သိမ်းပိုက်ပြီးနောက် AA ထိုးစစ်ဟာ ပဒါန်းဘက်ကို နီးကပ်လာတာကြောင့် စစ်ကောင်စီဟာ ပဒါန်းဘက်ခြမ်းကနေ အထူးခံစစ်တွေပြင်ဆင်နေပြီး ဂုတ်ကြီးအမြှောက်စခန်း၊ ဗျူဟာတပ်၊ နတ်ရေကန်၊ တုံးကြီး ၊ မထုံးနဲ့ ကံမြင့်ကန် တို့ ကနေ စစ်ကူပေးနေကာ လေကြောင်း က လည်း ရခိုင်ရိုးမ အနှံ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ