Categories

January 2025
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
December 8, 2025

စလင်း-ဆင်ဖြူကျွန်းလမ်းပိုင်းကို စလင်းပကဖ လုံခြုံရေးစစ်ဆေးစဉ် ရောက်လာတဲ့စစ်တပ်ကို တိုက်ခိုက်လို့ စစ်သား ၂ဦးသေဆုံး

စလင်း-‌ဆင်ဖြူကျွန်းကားလမ်းပိုင်းကို အသုံးပြုနေတဲ့ ခရီးသွားပြည်သူတွေကို စစ်ရေးလုံခြုံရေးအရ ၂ရက်ကြာ စစ်ဆေးမှူ့တွေပြုလုပ်ခဲ့တယ်လို့ စလင်းပကဖထံက သိရပါတယ်။ဇန်နဝါရီလ ၅ ရက်နေ့က စလင်းမြို့အနီး လမ်းပိုင်း လုံခြုံရေး စစ်ဆေးနေစဉ် စစ်ကောင်စီ တပ်သားတွေက လက်နက်ကြီး၊ ဒရုန်းတွေနဲ့ လာရောက် ပစ်ခတ် တိုက်ခိုက်တာကြောင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ထိတွေ့ တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံးပြီး အကြမ်းဖက် စစ်တပ်ဘက်မှ အင်အား ၁၀၀ ခန့်ဖြင့် စစ်ကူ စစ်ကြောင်းများ ရောက်ရှိတာကြောင့် တော်လှန်ရေး ရဲဘော်များ ပြန်လည် ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။စလင်းမြို့မှပြည်သူတွေအနေနဲ့ စလင်း(ပကဖ) က စစ်ရေးလုံခြုံ‌ ရေးအရ အချိန်နှင့်တဖြည်းညီ ထုတ်ပြန်ကြော်ညာချက်တွေကို စောင့်ကြည့်လိုက်နာပေးဖို့ မေတ္တာရပ်ခံထားပါတယ်။

You may have missed