Categories

January 2025
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
November 7, 2025

ဗန်းမော် ပြည်သူ့ဆေးရုံဝင်းကို KIAစီးနင်းနိုင်ပြီး တိုက်ပွဲတွေအတွင်း လက်နက်ခဲယမ်းအများအပြား KIA သိမ်းပိုက်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဒီနေ့ ဇန်နဝါရီလ ၆ရက်နေ့ထိ ပြင်းထန်နေဆဲဖြစ်ပြီး ဗန်းမော်ပြည်သူ့ဆေးရုံဝင်းကို KIA က စီးနင်းသိမ်းပိုက်ထားနိုင်ပြီး ဗန်းမော်တိုက်ပွဲတွေအတွင်း လက်နက်ခဲယမ်းအများအပြားရရှိထားကြောင်း ကချင်စစ်ရေးသတင်းအရင်းမြစ်တွေထံက သိရပါတယ်။ဒီဇင်ဘာ ၂ရက်နေ့က စစ်ကောင်စီတပ်စွဲထားရာ ဗန်းမော်ပြည်သူ့ဆေးရုံဝင်းကို KIA က ထိန်းချုပ်လိုက်ပြီး ဒီနေ့မနက် ၅နာရီမှာလဲ စတင် တိုက်ပွဲဆက်ဖြစ်နေတယ်လို့ သိရပါတယ်။ဗန်းမော်တိုက်ပွဲတွေအတွင်း လက်နက်ခဲယမ်းအများအပြားကိုလည်း KIA ရရှိထားပြီး ခလရ ၄၇မှာလဲ တိုက်ပွဲဆက်ပြင်းထန်နေကာ စစ်ကောင်စီက အကျအဆုံးများပြားခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၃၁ရက်နေ့ မှာလည်း ဝင်းလိုက်ဟိုတယ်နဲ့ သိမ်တော်ကြီးဝင်းအတွင်း တိုက်ပွဲဖြစ်ပွားခဲ့သလို ၄မိုင်အနီးတိုက်ပွဲမှာ စစ်ကောင်စီအချို့ လက်နက်ချ အညံ့ခံမှုတွေရှိပြီး KIAက လက်နက်နှင့် ခဲယမ်း အများအပြား သိမ်းဆည်း ရမိခဲ့တယ်လို့ သိရပါတယ်။ဗန်းမော်မြို့အခြေစိုက် အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ- ၂၁) မှာလဲ စစ်အုပ်စုပူးပေါင်းခုခံနေရကာ စစ်ကောင်စီဘက်က နေ့စဉ်လေကြောင်း ၊ ဒရုန်း၊ လက်နက်ကြီး ပစ်ကူတွေနဲ့ ခုခံနေရတယ်လို့ သိရပါတယ်။အလားတူ မံစီမြို့နယ်အတွင်းရှိ ခမရ ၃၁၉၊ ခမရ ၆၀၁ နှင့် အမတ ၃၅၂ တို့ကိုလည်း KIA ပူးပေါင်းတပ်တွေက တပြိုင်နက်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။KIA ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ရက်နေ့ကစတင်ကာ ဗန်းမော် နဲ့ မန်စိမြို့သိမ်းတိုက်ပွဲစတင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ စစ်ကောင်စီတပ်စခန်းအများစုကို သိမ်းပိုက်ထားပြီလို့ သိရပါတယ်။

You may have missed