Categories

January 2025
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
March 15, 2025

အောင်ဇေယျစစ်ကြောင်းနဲ့ အနမ်းကွင်းဗျူဟာကို စစ်ကူလာတဲ့စစ်ကြောင်းတို့ကိုတိုက်ခိုက်လို့ စစ်သား ၇၀ကျော်သေဆုံး

မြဝတီ – ကော့ကရိတ် အာရှလမ်းမကြီးကို ပြန်လည်စိုးမိုးဖို့ အင်အားဖြည့်ရောက်ရှိလာတဲ့ အောင်ဇေယျစစ်ကြောင်းနဲ့ အနမ်းကွင်းဗျူဟာကို စစ်ကူလာတဲ့စစ်ကြောင်းတို့ကိုတိုက်ခိုက်လို့ စစ်သား ၇၃ဦးသေဆုံးခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ပါတယ်။၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်ကနေ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့အထိ ၇ရက်တာကာလအတွင်း အဲ့ဒီစစ်ကြောင်းတွေနဲ့ ထိတွေ့တိုက်ပွဲ ၁၄ ကြိမ်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား (၇၃) ဦးသေဆုံးကာ (၇၅)ဦးနဲ့အထက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။အောင်ဇေယျစစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ ၃၂၊ ဗိုလ်တာပေါဦးဆောင်တဲ့ KNLA တပ်ရင်း ၂၈ ပူးပေါင်းစစ်ကြောင်းတို့ နေ့စဉ်နီးပါးထိတွေ့မှုဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က အထိနာနေတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့အပြင် တော်လှန်ရေးပူးပေါင်းအဖွဲ့က ရိက္ခာနဲ့ စစ်ကူလမ်းကြောင်းဖြတ်တောက်ထားတဲ့ အနန်းကွင်းဗျူဟာစခန်းကို ဝင်ရောက်ဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီရဲ့ တပ်ကူ သံတွဲစစ်ကြောင်းကိုလည်း တော်လှန်ရေးတပ်တွေက ကြားဖြတ်ပိတ်ဆို့တိုက်ခိုက်ခဲ့ကြပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF)၊ နဂါးနီစစ်ကြောင်း၊ KNLA တပ်ရင်းတွေနဲ့ ရောင်နီဒရုန်းအထူးတပ်ဖွဲ့၊ Dawna Dragon၊ Cloud Wings ဒရုန်း ပူးပေါင်းအဖွဲ့တို့က ကြားဖြတ်၍တားဆီးပိတ်ဆို့ခဲ့ကြတာပါ။စစ်ကောင်စီတပ်သားတွေ ထိခိုက်ကျဆုံးမှုများပြားတာကြောင့် လေယာဉ် လက်နက်ကြီးတွေနဲ့ အပြင်းအထန်စစ်ကူပေးနေပြီး တော်လှန်ရေးရဲဘော် ၃ ဦးမြင့်မြတ်စွာကျဆုံးခဲ့ပြီး ၁၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ် တစ်နှစ်တာအတွင်း တောင်ပိုင်းစစ်ဒေသမှာ မြို့ ၂မြို့နဲ့ စစ်ကောင်စီရဲ့တပ်ရင်းဌာနချုပ် ၂ခုအပြင် တပ်စခန်း ကြီးငယ် ၂၀ကျော်ကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ထိန်းချုပ်ပြီး စိုးမိုးနယ်မြေချဲ့ထွင်နိုင်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။

You may have missed