ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်အတွင်း ဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့လို့ စစ်သား ၁၀ဦးသေဆုံးပြီး ၁၅ဦးဒဏ်ရာရရှိသွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းတိုင်းစစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။ ကျောက်ကြီးမြို့နယ်။ ရွာကြီးအင်းကျေးရွာထိပ် ကျွန်းဘုရားကို ဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊...
Year: 2024
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဒေါက်တာဆာဆာ ခေတ္တရောက်ရှိနေပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း အပါအဝင် နယူးယောက်ရှိ မြန်မာပြည်သူများနှင့်တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ နိုဝင်ဘာလ ၁ရက်နေ့ ညနေပိုင်းမှာ မြို့ခံ...
တနင်္သာရီတိုင်း ထားဝယ်ခရိုင်အတွင်းက မြို့နယ် ၄ခုမှာ စစ်ကောင်စီယန္တရားလည်ပတ်နေတဲ့ ရုံးဌာနတွေနဲ့ စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ရာ အရာခံဗိုလ် ၁ဦးနဲ့ တပ်ကြပ် ၁ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀ဦးနဲ့အထက်ရှိကြောင်း Sky Ghost Drone Force အဖွဲ့က...
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ လဂွေကျေးရွာရှိ ပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ်စခန်းများအားလုံးကို KIA၊ PDF ပူးပေါင်းတပ် များက တိုက်ခိုက်သိမ်း ပိုက်ရရှိကြောင်း စစ်ရေးသတင်းအရင်းမြစ်တွေထံက သိရပါတယ်။မနေ့က နိုဝင်ဘာလ ၁ ရက်နေ့ နေ့လည် ၁၂နာရီထိုးခါနီးအချိန်မှာ လဂွေရွာ ပြည်သူ့စစ်နဲ့...
ကရင်ပြည်နယ် ဖာပွန်မြို့နယ်ရှိ စစ်ကောင်စီရဲ့ ခေါပုတ်စခန်းကနေ ထွက်ပြေးသွားတဲ့ တပ်သားအချို့ကို ပြန်လည်ဖမ်းမိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းတိုင်းစစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။ဖာပွန်မြို့နယ်အတွင်းရှိ စစ်ကောင်စီရဲ့ ခေါပုတ်တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က အောက်တိုဘာ ၂၄ရက်မှာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး အောက်တိုဘာ ၂၉မှာ သိမ်းပိုက်ခဲ့ပါတယ်။စစ်ကောင်စီအင်အား...
နယ်ခြားစောင့်တပ်ရင်းဌာနချုပ်နှစ်ခုကို သိမ်းပိုက်ပြီးနောက် ၊ နောက်ဆုံးလက်ကျန်ဖြစ်တဲ့ အမှတ် ၁၀၀၁ နယ်ခြားစောင့်စခန်း ဌာနချုပ်ကို အောက်တိုဘာ ၃၁ ရက်နေ့ ညပိုင်းမှာ သိမ်းနိုင်ခဲ့ပြီလို့ သိရပါတယ်။ ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေနှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ် KPDF တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ...
ABSDF ခေါ် ကျောင်းသားတပ်မတော်ကို အဖိနှိပ်ခံတိုင်းရင်းသား ပြည်သူတရပ်လုံး စစ်အာဏာရှင်စနစ်အောက်ကနေ လွတ်မြောက်ဖို့၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး စတဲ့ဦးတည်ချက်တွေနဲ့ ၁၉၈၈ ခုနှစ် နိုဝင်ဘာ ၁ ရက်မှာ ဖွဲ့စည်းခဲ့ကြတာ ဖြစ်ပါတယ်။...
ရခိုင်ပြည်နယ် အမ်းမြို့က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ပစ်မှတ်ထားနေတဲ့ ရခိုင့်တပ်တော်ဟာမူဆယ်မြို့အနီးမှာလည်း စစ်ကောင်စီနဲ့တိုက်ပွဲတွေ ဖြစ်နေပါတယ်။ရခိုင်ပြည်နယ် အမ်းမြို့အနီးတဝိုက်မှာ နပခ ကိုသိမ်းပိုက်နိုင်ရေး တိုက်ပွဲပြင်းထန်နေကြသလို ရှမ်းမြောက်ဒေသ မူဆယ်မြို့တောင်ဘက် မန့်မိုင်ကျေးရွာမှာလည်း ဒီကနေ့ နိုဝင်ဘာလ ၁ ရက်နေ့မှာ စစ်ကောင်စီတိုက်နှင့် ရခိုင့်တပ်တော်တို့...
စစ်ကောင်စီလက်အောက်ခံအဖြစ်တည်ရှိနေပြီး ရပ်တည်ချက်မပြတ်သားတဲ့ တပ်ဖွဲ့များဟာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ) ရဲ့ထိန်းချုပ်မှုအောက်မှာ အမိန့်ပေးခံနေရပါတယ်။ မြဝတီတွင်တိုက်ပွဲပြင်းထန်ခဲ့စဉ်က လူသိများတဲ့ BGF တပ်ဟာ KNA အဖြစ် အမည်ပြောင်းလဲခဲ့ပြီး စစ်ကောင်စီလက်အောက်မှ ခွဲထွက်မယ်လို့ ကြေငြာခဲ့ဖူးပါတယ်။လက်ရှိမှာတော့ ၄င်းတို့စီးပွားရေးလုပ်ငန်းများ တည်ငြိမ်ရေးကိုသာ အာရုံစိုက်နေကြတာ တွေ့ရပါတယ်။...
စစ်ကောင်စီကို ပြတ်ပြတ်သားသားတိုက်နေတဲ့ ကချင်ပြည်နယ်ဘက်မှာတော့ ကေအိုင်အေနောက်ထပ်သိမ်းပိုက်ဖို့ကြိုးစားနေတာကတော့ တရုတ်မြန်မာနယ်စပ် ဖီမော်အခြေစိုက် စစ်ကောင်စီလက်အောက်ခံ BGF ၁၀၀၁ တပ်ရင်းဖြစ်ပါတယ်။ ဒါဟာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်နဲ့ BGF တပ်တွေရဲ့ နောက်ဆုံးလက်ကျန်ဖြစ်ပြီး ဒီနေ့ မှာပဲ သိမ်းပိုက်ထားနိုင်ပြီဆိုတဲ့ အတည်မပြုနိုင်သော...
