Categories

October 2024
M T W T F S S
 123456
78910111213
14151617181920
21222324252627
28293031  
April 30, 2026

သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်ဇေ်

မင်းအောင်လှိုင်ကိုဖိတ်ကြားထားလျှင် ပြန်သုံးသပ်ရန် အန်ယူဂျီအစိုးရပြော

တရုတ်ဘက်က တရားဝင်ထုတ်ပြန်ချက်မတွေ့ရပေမယ့် အကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ တရုတ်ခရီးစဉ်ရှိနေတဲ့သတင်းတွေ ထွက်လာပြီးချိန်မှာပဲ အန်ယူဂျီဘက်က အခုလို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ဖိတ်ကြားခဲ့တယ်ဆိုရင် ပြန်ပြီးသုံးသပ်ပေးဖို့ အမျိုသားညီညွတ်‌ရေးအစိုးရ(NUG) ရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက တရုတ်သိအောင် ထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။ တရုတ်သာ စစ်ခေါင်းဆောင်ကို ဖိတ်ခေါ်ခဲ့ရင် တရုတ်အစိုးရအပေါ် မြန်မာလူထုရဲ့အထင်အမြင်လွဲမှားမှုကို မလိုအပ်ဘဲ လှုံ့ဆော်ပေးရာရောက်မှာကို စိုးရိမ်ပူပန်မိတယ်လို့ ဦးကျော်ဇော်က မှတ်ချက်ပြုထားပါတယ်။ NUG အနေနဲ့ တရုတ်ကို အင်အားကြီး အိမ်နီးချင်းကောင်းတစ်ဦးလို့ သဘောထားတဲ့အကြောင်း သဘောထားထုတ်ပြန်ချက်တွေ ရှိပြီးဖြစ်တာကြောင့် တရုတ်အနေနဲ့ မြန်မာ့အရေးကို ပိုပြီးရှုပ်ထွေးကျပ်တည်းလာအောင် မလုပ်ဖို့လည်း အန်ယူဂျီနဲ့အတူ မြန်မာပြည်သူတွေက မျှော်လင့်နေကြတာ ဖြစ်ပါသည်။

You may have missed